လီဗာပူးလ်အသင်းပိုင်ရှင်များသည် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူပေးခဲ့သည့် နည်းပြ ယာဂန်ကလော့ပ်ကို တစ်နှစ်လစာ ပေါင် ၁၀ အထိ တိုးမြှင့်ပေး၍ စာချုပ်သက် တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။
ယာဂန်ကလော့ပ်သည် လီဗာပူးလ်နည်းပြဘဝ သုံးရာသီခွဲအတွင်း ဖလားဗိုလ်လုပွဲ လေးကြိမ်တက်ရောက်ခွင့်ရရန် စွမ်းဆောင်ပေးထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပထမဆုံးဆုဖလား ရယူပေးခဲ့ခြင်းဖြစ်သည်။
၎င်း၏စာချုပ်သက်တမ်းမှာ သုံးနှစ်ကျန်ရှိနေသေးပြီး ၂၀၂၂ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း လီဗာပူးလ်အသင်းကိုပိုင်ဆိုင်သည့် Fenway Sports Group(FSG) က ကာလရှည်သက် တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် ကလော့ပ်အနေဖြင့် လက်ရှိစာချုပ်အရ တစ်နှစ်လျှင် ပေါင်ခုနစ်သန်းရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုပါက ပေါင် ၁၀ သန်းသို့ တိုးမြှင့်ပေးဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
'' ယာဂန်က အရမ်းတော်တဲ့ နည်းပြတစ်ယောက်ပါ။ ဒီထက်ပိုပြီးအရေးကြီးတာက သူဟာ မာနထောင်လွှားမှုမရှိဘဲ နှိမ့်ချစွာနေတတ်ပြီး တာဝန်ယူမှုရှိတဲ့သူပါ။ ဒီနေ့တော့ သူအရမ်းပျော်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံလိဂ်ဖလားက အသင်းပရိသတ်တွေအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိသလဲဆိုတာ သူသိလို့ပါပဲ''ဟု FSG ဥက္ကဋ္ဌ တွမ်ဝါနာက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
