ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်း၏ နည်းပြဖြစ်သည့် လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ်က အသင်းတိုက်စစ်ကစားသမား ဆာလာအနေဖြင့် လီဗာပူးလ်အသင်းတွင် ဆက်နေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာသည် ၂၀၁၇ တွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းထံသို့ Add-ons ကြေးများအပါ အဝင် ပေါင်(၄၃)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အသင်းအတွက် (၇)ရာသီကျော်ကာလ အတွင်း (၃၆၂) ပွဲတွင် (၂၁၉)ဂိုးသွင်းကာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် အပါအဝင် ဆုဖလား (၇)လုံးထိ ရယူနိုင်ခဲ့သည်။
ထို့ကြောင့် ဆာလာသည် လီဗာပူးလ်အသင်း၏ အကြီးကျယ်အခမ်းနားဆုံးကစားသမားများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် လီဗာပူးလ် အသင်းနှင့်ချုပ်ဆိုထားသည့် ဆာလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ကာလရှည် ချိတ်ဆက်နေသည့် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ယင်းအတွက် လီဗာပူးလ်ဂန္ထဝင် ဂျရတ်ကမူ ဆာလာအား နောက်နှစ်ရာသီခန့် လီဗာပူးလ်အသင်းတွင်သာ ဆက်ရှှိနေစေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "လီဗာပူးလ်မှာ ဆာလာ (၂) နှစ်ဆက်နေဖို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ပရိုပီသမှုနဲ့ ကိုယ်ကာယကြ့ံခိုင်မှုတွေကြောင့် ဆာလာအနေနဲ့ နှစ်တွေအများကြီး ခြေစွမ်းပြနိုင်ဦးမယ်လို့ ထင်ပါတယ်။ ဒီတော့ သူ လီဗာပူးလ်မှာ ဆက်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
