မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရန်အတွက် လောင်ချာတစ်ခုကို အသင့်အနေအထား ပြင်ဆင်ထားခဲ့ပြီး အမေရိကန်သမ္မတရွေးကောက်ပွဲပြုလုပ်မည့် အချိန်တွင် ထိုဒုံးကျည်ကို ပစ်လွှတ်ဖွယ်ရှိကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်များက စစ်ထောက်လှမ်းရေးသတင်းမျးကိုကိုးကားပြီး ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် နိုဝင်ဘာ ၅ ရက်တွင်ပြုလုပ်မည့် အမေရိကန်သမ္မတရွေးကောက်ပွဲနေ့ သို့မဟုတ် နီးစပ်သည့်အချိန်တွင် တာဝေးပစ်ဒုံးကျည်တစ်စင်းပစ်လွှတ်ခြင်း သို့မဟုတ် သတ္တမအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခြင်းတို့ဖြင့် ၎င်း၏ မဟာဗျူဟာမြောက် လက်နက်များ တိုးတက်မှုရှိနေသည့်အခြေအနေကို အလေးထားဖော်ပြရန် ကြိုးပမ်းဖွယ်ရှိနေသည်ဟု တောင်ကိုရီးယားအရာရှိများက ပြောသည်။
မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်ရန်နှင့် ထိုဒုံးကျည်ထိပ်ဖူး လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်မှုအတွက် နေရာဒေသတစ်ခုတွင် ဒုံးပစ်လောင်ချာကို အသင့်ပြင်ထားခဲ့ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် လီဆောင်ကွမ်က အောက်တိုဘာ ၃၀ တွင် ပြောကြားခဲ့သည်။
လီသည် ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) အရာရှိများနှင့် လွှတ်တော်တွင် တံခါးပိတ်ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ထိုဒုံးပစ်လောင်ချာအသင့်ပြင်ထားသည့်နေရာသို့ ဒုံးကျည်ကို သယ်ယူပို့ဆောင်ခဲ့ဖွယ်ရှိသော်လည်း ဒုံးကျည်ကို လောင်ချာပေါ်တွင် မတင်ရသေးကြောင်း DIA က ယူဆခဲ့သည်ဟု နောက်ထပ်လွှတ်တော်အမတ်ဖြစ်သူ ပါ့ခ်ဆွန်ဝမ်က ပြောကြားခဲ့သည်။
Ref: Reuters
Photos-Reuters/AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
