ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ရက်သားအရွယ် ကလေးငယ် ပျောက်ဆုံးမှုဖြစ်ပွားပြီး လက်ရှိအချိန်အထိ ရှာမတွေ့သေးကြောင်း ကလေးငယ်၏ မိသားစုဝင်တစ်ဦးက အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။
ပျောက်ဆုံးသွားသည့် ကလေးငယ်မှာ ကိုးရက်အရွယ်သာရှိသေးပြီး ကျန်းမာရေးမကောင်းသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကုသမှုခံယူနေခြင်း ဖြစ်သည်။
" ကလေးက မွေးပြီးတော့ ကျန်းမာရေးသိပ်မကောင်းလို့ ဓာတ်ကင်ဘာညာ အလုံက ဂျန်မခါနာမှာ လုပ်နေတဲ့အချိန်ပေါ့နော်။ ကလေးက မွေးတာ ကိုးရက်ပဲ ရှိသေးတယ်။ အဲ့ဒီလိုလုပ်နေတဲ့အချိန် အစ်မက လူနာစောင့်ခေါ်ထားတယ်။ အဲ့ဒီလူနာစောင့်နဲ့ နောက်တယောက်က ပေါင်းပြီး ကလေးကို ခိုးသွားတဲ့သဘောပဲဗျ။ လက်ရှိ လူနာစောင့်ကို CCTV မှတ်တမ်းရော စစ်မေးထားတဲ့ မှတ်တမ်းအရ အဲ့ဒီလိုဖြစ်နေတယ်။ CCTV မှတ်တမ်းအရ သူတို့နှစ်ယောက် အရမ်းတွဲသွားတွဲလာ လုပ်နေတာကို တွေ့တယ်။ ယူသွားတဲ့ အမျိုးသမီးက မက်စ်အပြည့်တပ်ထားတယ်။ သူက ဘာသာရေးခေါင်းပေါင်းတွေလည်း ဆောင်းထားတယ်" ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။
လူမှုကွန်ရက်တွင် ထွက်ပေါ်လျက်ရှိသည့် သတင်းများအရ ကလေးငယ်ကို ညောင်ခါးရှည်ဂိတ်တွင် တွေ့ရှိထားသည်ဆိုသည့် ရေးသားမှုများနှင့် ပတ်သက်ပြီး ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
" ညောင်ခါးရှည်မှာ တွေ့တယ်ဆိုတဲ့ သတင်းက ရထားတာအမှားဖြစ်နေတယ်။ လိမ်ပြီး ငွေညှစ်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ပိုက်ဆံလိမ်တောင်းတာ။ ကျွန်တော်တို့ကို မလာနဲ့ ဘာညာပြောတာ။ ကျွန်တော်တို့ကလည်း ကလေးကို တွေ့တယ်ဆိုရင် ဝမ်းသာပြီး ပေးမှာပဲ။ ဒါပေမဲ့ အခုက လိမ်တာဖြစ်နေတယ်ခင်ဗျ။ ကလေးကို အခုထိ ပြန်မတွေ့သေးဘူးဗျာ" ဟု ကလေးငယ်၏ မိသားစုဝင်တစ်ဦးက အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။
ကလေးငယ်၏ မိဘများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ကလေးငယ်မှာ အောက်တိုဘာ ၃၀ ရက် နံနက် ၄ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
