နာပိုလီနည်းပြ ကွန်တီက အသင်းတိုက်စစ်မှူး လူကာကူအနေဖြင့် ၎င်းနှင့်ပြန်လည်လက်တွဲရန်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူ (၃၁ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းမှ နာပိုလီအသင်းထံသို့ ယူရိုသန်း (၃၀) ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။
၎င်းသည် နာပိုလီအသင်းတွင် အင်တာမီလန်တွင်ကစားစဉ်က အတူလက်တွဲခဲ့ဖူးသည့် နည်းပြ ကွန်တီနှင့်ပြန်လည်လက်တွဲခွင့်ရခဲ့သည်။
လူကာကူသည် ယခုရာသီတွင် နာပိုလီအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၉) ပွဲတွင် (၄)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။
ကွန်တီက ''လူကာကူအပေါ် အများကြီး စာနာမိပါတယ်။ သူဟာ ကျွန်တော့်နဲ့အတူ အလုပ်တွဲလုပ်ဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုတောင် ပယ်ချခဲ့တာပါ။ သူဟာ ဘာပဲဖြစ်ဖြစ် နာပိုလီအသင်းမှာ ကျွန်တော်နဲ့ ပြန်လည်လက်တွဲခွင့်ရဖို့ ကြိုးစားခဲ့တာပါ''ဟု ဆိုခဲ့သည်။
နာပိုလီအသင်းသည် စီးရီးအေပွဲစဉ် (၁၀) အပြီးတွင် (၈)ပွဲ နိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးဖြင့် ရမှတ်(၂၅) မှတ်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
