လီဗာပူးလ်နည်းပြဟောင်းဖြစ်သူ ယာဂန်ကလော့ပ်သည် သြစတြီးယားအခြေစိုက် နာမည်ကျော်အားဖြည့်အချိုရည် ရက်ဘူးလ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲရာထူး ရယူခဲ့မှုအပေါ် ဝေဖန်မှုများအား ရှင်းလင်းခဲ့သည်။
ထို့ပြင် ၎င်းက လူတိုင်းပျော်ရွှင်နေသည့်နေရာတွင် အလုပ်တစ်ခုရရန် ခက်ခဲကြောင်းလည်း ဖွင့်ဟခဲ့သည်။
ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးလ်အသင်းမှ ထွက်ခွာခဲ့သူ ယာဂန်ကလော့ပ်အနေဖြင့် ရက်ဘူးလ်နှင့် ပူးပေါင်းသည့်အတွက် ဝေဖန်မှု အမြောက်အမြားနှင့် ရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ရက်ဘူးလ်မှ ပိုင်ဆိုင်သော ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်၏ ပြိုင်ဘက်အသင်းဖြစ်သည့် သူ၏ကလပ်ဟောင်း ဒေါ့မွန်ပရိသတ်များက အများဆုံး ဝေဖန်ခဲ့ကြသည်။
ယာဂန်ကလော့ပ်က ''တုံ့ပြန်မှုတွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ကျွန်တော်ဟာ သူများခြေထောက်ပေါ် မလျှောက်လှမ်းချင်ပါဘူး။ ကလပ်အသင်းဟောင်းအားလုံးကိုလည်း ကျွန်တော် ချစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းပျော်ရွှင်ဖို့ ကျွန်တော် ဘာလုပ်ရမလဲဆိုတာတော့ မသိပါဘူး။ အခု အသက် ၅၇ နှစ် ရှိပါပြီ။ နောက်နှစ်အနည်းငယ်လောက် ကျွန်တော် အလုပ်လုပ်နိုင်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ဒါက ရှင်းပါတယ်။ ကျွန်တော် တစ်စုံတစ်ရာ လုပ်ချင်တဲ့အချိန် ရက်ဘူးလ် အုပ်စုက ရောက်လာခဲ့တာဖြစ်ပါတယ်''ဟု ဘိုင်ယန်မြူးနစ်နှင့် ရီးယဲလ်ကစားသမားဟောင်း တိုနီခရို့စ်၏ အစီအစဉ်တွင် ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်သည် လာမည့်နှစ် ဇန်နဝါရီလ(၁)ရက်က စတင်ပြီး ရက်ဘူးလ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲရာထူးတွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
