ရီးယဲလ်မက်ဒရစ်နှင့် ဘရာဇီးလ်တိုက်စစ်ကစား ဗင်နီရှပ်စ် Ballon d'Or ဆုမရခြင်းမှာ ထိပ်ဆုံး(၅)ဦးစာရင်းဝင်ခဲ့သော အသင်းဖော်များဖြစ်သည့် ဘယ်လင်ဟမ်နှင့် ကာဗာဟယ်လ်တို့မှ အမှတ်ခွဲယူသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း Ballon d'Or ဆုရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် နှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်သူ ဗင်းဆင့်ဂါစီယာက ရှင်းလင်းခဲ့သည်။
ယခုနှစ် Ballon d'Or ဆုကို ကာယကံရှင်အပါအဝင် အားလုံးက ဗင်နီစီယပ်စ်ရရှိမည်ဟု ယုံကြည်ခဲ့ကြသော်လည်း အောက်တိုဘာလ(၂၈)ရက် ဆုချီးမြှင့်ပွဲအခမ်းအနား မကျင်းပမီ နာရီပိုင်းအလိုတွင် ပြင်သစ်အားကစားမီဒီယာ RMC Sport ၏ဖွင့်ချမှုမှတစ်ဆင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။
ရီးယဲလ်အသင်းသည် မူလက Ballon d'Or ဆုပေးပွဲအခမ်းအနားသို့ လူ(၅၀)ဦး ပါဝင်သည့်အဖွဲ့ဖြင့် သွားရောက်စီစဉ်ထားသော်လည်း အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က သပိတ်မှောက်သည့်အနေဖြင့် ယင်းခရီးစဉ်ကို ချက်ချင်းဖျက်သိမ်းပစ်ခဲ့သည်။
''ထိပ်ဆုံးငါးဦးမှာ ဘယ်လင်ဂမ်နဲ့ ကာဗာဟယ်လ်တို့ ဝင်ရောက်ခဲ့လို့ ဗင်နီစီယပ်စ်ကို ထိခိုက်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ သချင်္ာနည်းအရတော့ သူ့ထံကနေ အမှတ်တချို့ကို ယူဆောင်သွားတာပါ။ ဒါက ရီးယဲလ်မက်ဒရစ်ရဲ့ ရာသီကိုလည်း ဖော်ညွှန်းရာရောက်ပြီး သုံးဦးနဲ့ လေးဦးကြား နေရာယူခဲ့ပါတယ်။ မဲပေးသူတွေအနေနဲ့ သူတို့ကြားမှာ ဆုံးဖြတ်ချက်တွေ ကွဲပြားသွားပြီး ဒါက ရိုဒရီအတွက် အကျိုးရှိသွားစေခဲ့ပါတယ်''ဟု ဗင်းဆင့်ဂါစီယာက L'Equipe သို့ ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ရီးယဲလ် နှင့် အခြားကလပ်များ၏ ဖိအားပေးမှုများကို လက်ခံရရှိခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။
''ရီးယဲလ်မက်ဒရစ်က ဖိအားတွေ အတော်လေးပေးခဲ့ပါတယ်။ ဒါပေမဲ့ တခြားကလပ်တွေလည်း ဒီလိုပါပဲ။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့၊ မျှတမှုရှိဖို့ အမြဲလုပ်ဆောင်ပြီး ကျွန်တော့်ရဲ့နှုတ်ဆိတ်နေမှုက သူတို့ကို ကန့်သတ်သလို ဖြစ်သွားစေခဲ့တယ်။ ဒါပေမဲ့ တခြားကလပ်တွေလည်း ဒီလိုပါပဲ။ အခမ်းအနား မတက်ရောက်တာကိုတော့ ကျွန်တော် အရမ်းအံ့သြခဲ့ပါတယ်။ သူတို့နဲ့ရော တခြားကလပ်တွေနဲ့ပါ ကျွန်တော်တို့က အလွန်ရှင်းလင်းပါတယ်။ ဒီနှစ်မှာ Winner ဆုရှင်ကို သတိမထားမိခဲ့ဘူး။ အားလုံးသဘောတူမယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာ သူတို့ စည်းမျဉ်းကို ဘာကြောင့် ပြောင်းလဲချင်ရတာလဲဆိုတာကိုတော့ ကျွန်တော် မသိခဲ့ပါဘူး''ဟု ဗင်းဆင့်ဂါစီယာက မှတ်ချက်ပြုခဲ့သည်။
ဗင်နီစီယပ်စ်သည် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးများ ဆောင်ရွက်ခြင်းကြောင့် Ballon d'Or ဆုနှင့် လွဲချော်ခဲ့ရသည်ဟု ယုံကြည်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
၎င်းသည် Ballon d'Or ဆု ဒုတိယနေရာသာရရှိကြောင်း ကြေညာခံရပြီးနောက် သူ၏လူမှုကွန်ရက်တွင် လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးကို ရည်ရွယ်ပြီး (၁၀)ဆ ကြိုးပမ်းသွားမည်ဟု ကြုံးဝါးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
