ဂျီနိုအာ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂းဝ၀ နာရီ)
ဂျီနိုအာက စီးရီးအေနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ခံစစ်ကလည်း (၁)ပွဲအနည်းဆုံး (၂)ဂိုးပေးထားရတယ်။ ဖီအိုရင်တီးနားကတော့ ဥရောပဝင်ခွင့်မျှော်မှန်းနေတဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့ ကွင်းတွင်းခြေစွမ်းကလည်း အားရစရာကောင်းပါတယ်။ စီးရီးအေအဝေးကွင်းနောက်ဆုံးပွဲမှာ လက်ချီကို ဂိုးပြတ်နိုင်ခဲ့တဲ့ ဖီအိုရင်တီးနားရဲ့ တိုက်စစ်ကစားပုံက ချီးကျူးစရာကောင်းခဲ့တယ်။ ဖီအိုရင်တီးနားကိုပဲ ကြိုက်တယ်။
ကိုမို နှင့် လာဇီယို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ကိုမိုက နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ကစားပုံမညံ့ခဲ့ဘူး။ နည်းပြ ဖာဘရီဂတ်စ်ရဲ့အသင်းဆီမှာ အလားအလာကောင်းတွေမြင်ရပြီး ကျစ်လျစ်တဲ့ စုဖွဲ့မှုမျိုးလည်း မြင်ရတယ်။ လာဇီယိုက စီးရီးအေအဝေးကွင်း (၃)ပွဲအထိ ရှုံးထားတဲ့ အသင်းပါ။ အိမ်ရှင်အားသာချက်ရှိတဲ့ ကိုမိုအသင်းကိုပဲ ရွေးချယ်ချင်တယ်။
ရိုးမား နှင့် တိုရီနို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)
ရိုးမားက တိုရီနိုနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၆)ပွဲ မှာ (၄)ပွဲအထိအနိုင်ရခဲ့ပြီး ရှုံးပွဲလည်း မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာလည်း ရိုးမားအသင်း တည်ငြိမ်မှုရအောင် ရုန်းကန်နေရတယ်ဆိုပေမဲ့ အိမ်ကွင်းကစားပုံမဆိုးပါဘူး။ တိုရီနိုကလည်း အဝေးကွင်းဆို ခံစစ်ကစားပုံအားနည်းတတ်ပေမဲ့ ဂိုးမြူးနေတာ တွေ့ရတယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်တဲ့ပွဲမျိုးပါပဲ။ (၂-၂)လောက် ဖြစ်နိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
