ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃၂၆၀၀၀) အထိ တင်ပို့ရန် လျာထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။
လက်ရှိအချိန်ထိ ရော်ဘာတန်ချိန် (၁) သိန်းဝန်းကျင်အထိ တင်ပို့ထားပြီး ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ် စသည့် အာရှနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကာ တရုတ်နိုင်ငံသို့ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့ကြောင်း သိရသည်။
ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိကာ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ၈ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်း သိရသည်။
ပြည်ပနိုင်ငံ တချို့ရှိ တာယာစက်ရုံကြီးများသည် ကုန်ကြမ်းရရှိရန် ရော်ဘာဝယ်ယူမှု ရှိနေသလို ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း ရာသီဥတု အခြေအနေကြောင့် ရော်ဘာအထွက်နှုန်း လျော့ကျသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ ဈေးကောင်းရနေကြောင်းလည်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
