မန္တလေး – ဗန်းမော်လမ်းပိုင်းအတွက် ယာဉ်စီးခ ကျပ်သုံးသိန်းအထိဖြစ်လာကြောင်း အဆိုပါလမ်းကြောတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ဒေသတွင်းတိုက်ပွဲများကြောင့် မန္တလေး – ဗန်းမော်ကားလမ်းပိုင်းကို နှစ်ဖက်တပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားခြင်းကြောင့် လမ်းပိုင်းအသုံးပြုသူများမှာ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အင်းတော်ကွင်းရှောင်လမ်းကိုသာ အသုံးပြုနေရပြီး ကားခများလည်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
“ဂိတ်ကြေးတွေလည်းပါတယ်၊ နှစ်ဖက်စလုံးကိုပေးနေရတာ၊ အဲဒီတော့ လူတစ်ယောက်ကို သုံးသိန်း၊ သုံးသိန်းခွဲဝန်းကျင်ယူကြတယ်” ဟု ထိုလမ်းပိုင်းတွင် မောင်းနှင်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ထိုသို့သွားနေရသော်လည်း လမ်းပိုင်းလုံခြုံရေးအာမခံချက် မရှိဘဲ တိုက်ပွဲများဖြစ်ပွါးပါက ကားများရောက်သည့်နေရာတွင် ရပ်နားထားရပြီး မကြာခဏ လမ်းပိတ်ဆို့မှုများလည်းရှိနေကြောင်း ယာဉ်မောင်းများက ဆိုသည်။
ထို့ကြောင့် ပုပ်သိုးလွယ်သည့်ကုန်စိမ်းများကို သယ်ဆောင်ခြင်းမပြုကြဘဲ ကုန်ခြောက်ပစ္စည်းများကိုသာ လက်ခံ၍ ပို့ဆောင်ပေးနေရပြီး ကုန်စည်စီးဆင်းမှုတွင်လည်း ကုန်သည်ဈေးသည်များအတွက် အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
