ကုလသမဂ္ဂလူသားချင်းဆိုင်ရာ စာနာမှုညှိနှိုင်းရေးရုံး (OCHA) နှင့် ကုလသမဂ္ကကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ရှမ်းပြည်နယ်အရှေ့ပိုင်း ၊တာချီလိတ်မြို့ရှိ ရေဘေးသင့်အိမ်ထောင်စု (၃,၀၀၀) အတွက် တစ်အိမ်ထောင်လျှင် ကျပ် (၃၁၀,၀၀၀) ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အိမ်ထောင်စုများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် တာချီလိတ်မြို့နယ်တွင်း ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာ (၃)ရွာအား စာရင်းကောက်ယူကာ အချက်အလက်များစိစစ်ပြီးနောက် လာမည့်နိုဝင်ဘာလ ဒုတိယပတ်အတွင်း၌ Wave Money မှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရပ်ကွက်အလိုက် စာရင်းများကောက်ယူနေပြီး သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးသို့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ထောက်ပံ့ငွေကို ပေးအပ်တဲ့အခါ ကျွန်တော်တို့ သတ်မှတ်ဖော်ပြချက်တွေရှိတယ်။ ဥပမာ ရေဘေးကြောင့် အိမ်ပြိုသွားလား။ မိသားစုများလား။ အိမ်ထောင်စုကို အမျိုးသမီး ဦးဆောင်တာလားစတဲ့ ဒီလိုအခြေခံတွေကြည့်ပြီး ရပ်ကျေး စာရေးတွေရယ်၊ ကျွန်တော်တို့ အဖွဲ့ရဲ့ ဗော်လန်တီယာတွေက ဒီနေ့ကစပြီး ဖုန်းနံပါတ်တွေ အပါအဝင် စာရင်းကောက်နေပါတယ်။ ဒေတာတွေ ပြန်စီစစ်ပြီးရင် wave money က နေ လွှဲပေးပါ့မယ်”ဟု အဆိုပါ ပရိုဂရမ်မှ တာဝန်ရှိသူ ဦးတင်မြင့်ဝင်းက ပြောကြားထားသည်။
ပြီးခဲ့သော စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ကာ နေအိမ်များပျက်စီးခြင်း၊ မြေပြိုခြင်း၊ မြေပြိုခြင်းကြောင့် လူ ေ-သဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
