မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိ-မ်လည်မှုများနှင့် တယ်လီကွန်း လိ-မ်လည်မှုများကဲ့သို့သော နယ်စပ်ဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အနီးကပ် ပူးပေါင်းကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားလိုက်သည်။
စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ “ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံရှေ့နေချုပ်များ ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ဖွဲ့စည်းထားခြင်း၊ ကုလသမဂ္ဂ UNODC ၏ အကူအညီဖြင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေး ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် ညီလာခံတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အကျိုးကျေးဇူးများအနေဖြင့် နိုင်ငံဖြတ်ကျော် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေခြင်း၊ တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုမြှင့်တင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
