နိုင်ငံ၏ ပထမဆုံးအမျိုးသမီးအာကာသအင်ဂျင်နီယာအပါအဝင် အာကာသယာဉ်မှူးသုံးဦး လိုက်ပါသွားသည့် ရှန်ကျိုး- ၁၉ တရုတ်အာကာသယာဉ်သည် အောက်တိုဘာ ၃၀ ရက်တွင် ခြောက်နာရီကျော် ခရီးနှင်ပြီးသည့်နောက် အာကာစခန်းသို့အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပြီဖြစ်သည်။
၎င်းတို့အဖွဲ့ကို ရှေ့ခြောက်လက အာကာသစခန်းတွင် ကြိုရောက်နှင့်နေသည့် သုံးဦးအဖွဲ့က ကြိုဆိုခဲ့သည်။
ရှန်ကျိုး- ၁၉ အာကာသယာဉ်သည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ထွက်ခွာသွားပြီး ယခုရောက်သွားသည့်အာကာသယာဉ်မှူးသုံးဦးအဖွဲ့က တရုတ်အပိုင်အာကာသစခန်းတွင် ခြောက်လကြာ လေ့လာမှုများ၊ အာကာသတွင်းလမ်းလျှောက်မှုများကို လုပ်ဆောင်ကြရမည်။ တရုတ်နိုင်ငံသည် အာကာသစူးစမ်းလေ့လာမှုတွင် ပြိုင်ဖက်အမေရိကန်ကိုကျော်တက်ရန် ကြိုးစားနေပြီး ၂၀၃၀ ခုနှစ်တွင် လကမ္ဘာသို့လူခြေချနိုင်ရန်လည်း ရည်မှန်းထားသည်။
အာကာသစခန်းသို့ ရှန်ကျိုး- ၁၈ ယာဉ်ဖြင့် ယခင်ရောက်နှင့်နေသည့် အာကာသယာဉ်မှူးသုံးဦးအဖွဲ့က တာဝန်ချိန်ပြည့်သည်နှင့် နိုဝင်ဘာ ၄ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
ယခုပို့လိုက်သည့် သုံးဦးထဲတွင် ဝမ်ဟောက်ဇယ်က တရုတ်နိုင်ငံ၏တစ်ဦးတည်းသော အမျိုးသမီးအာကာသအင်ဂျင်နီယာဖြစ်ပြီး အာကာသမစ်ရှင်တွင်လိုက်ပါခွင့်ရသည့် တတိယမြောက်တရုတ်နိုင်ငံသူဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် တရုတ်အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်တွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီး SpaceX အာကာသကုမ္ပဏီတည်ထောင်သူ အီလွန်မတ်စ်က တရုတ်၏အာကာသပရိုဂရမ်သည် လူတွေသိထားသည်ထက် အဆများစွာတိုးတက်နေသည်ဟု ပြောသည်။
အာကာသဆိုင်ရာအစီအစဉ်များကို တရုတ်စစ်တပ်က စီစဉ်နေသည်ဆိုသည့် စိုးရိမ်သံသယဖြင့် နိုင်ငံတကာအာကာသစခန်း (ISS) မှ တရုတ်ကိုထုတ်ပယ်လိုက်ပြီးသည့်နောက် တရုတ်က ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်လိုက်သည်။
လက်ရှိတွင် တရုတ်က အာကာသစခန်းပိုင်ဆိုင်ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ ISS က နိုင်ငံအချို့ပူးပေါင်းထားသည့်စခန်းဖြစ်သည့်အတွက် အနာဂါတ်တွင် ISS အနားယူသွားပါက တရုတ်အာကာသစခန်းတစ်ခုတည်းသာ အာကာသနယ်ပယ်တွင်ရှိတော့မည်ဟု လေ့လာစောင့်ကြည့်သူများပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
