ဟစ်ဇဘိုလာအုပ်စုသည် လက်ခံနိုင်သောအချက်များဖြင့် အစ္စရေးနှင့်အပစ်အခတ်ရပ်စဲမှုကို သဘောတူလိမ့်မည်ဟု ဟစ်ဇဘိုလာ ခေါင်းဆောင်သစ် နီယမ်ကာဆမ်က အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဆိုသော်လည်း အပစ်အခတ် ရပ်စဲရန် အလားအလာရှိသော အပေးအယူ ကို တင်ပြရမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
“အစ္စရေးတွေက ကျူးကျော်မှုကို ရပ်ချင်တယ်ဆိုပြီး ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော် တို့ကအဲဒါကိုလက်ခံတယ်လို့ပြောမှာပါ။ ဒါပေမဲ့ ဆီလျှော်မှုရှိပြီး သင့်တော်တယ်လို့ ကျွန်တော်တို့ ရှုမြင်တဲ့ အခြေအနေတွေအရ ကျွန်တော်တို့ လက်ခံမှာဖြစ်ပါတယ်” ဟု ကြိုတင် အသံသွင်းထားသော မိန့်ခွန်းတွင် ကာ ဆမ်က ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းသည် အောက်တိုဘာ ၂၉ ရက် တွင် ဟစ်ဇဘိုလာ၏အတွင်းရေးမှူးချုပ်အဖြစ် ကြေညာခံခဲ့ရပြီးနောက် ကာဆင် ပထမဆုံးပြောကြားသော မိန့်ခွန်း ဖြစ်သည်။
သို့ရာတွင် ဟစ်ဇဘိုလာက အပစ်အခတ် ရပ်စဲရေးအတွက် အနူးအညွတ် တောင်းပန် လိမ့်မည်မဟုတ်ဟု ၎င်းက ဖြည့်စွက်ပြော ကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသေချာစေရန် နိုင်ငံရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု များသည် အကျိုးရလဒ်များ ထွက်ပေါ်လာ ခြင်းမရှိသေးဟု ဆိုသည်။
စက်တင်ဘာ ၂၇ ရက် တွင် အစ္စရေး ကလုပ်ကြံခဲ့သောကြောင့် သေဆုံးသွားခဲ့ သော ဟစ်ဇဘိုလာခေါင်းဆောင် ဟာ ဆန်နာဆရယ်လာ၏နေရာကို ကာဆမ်က အစားဝင်လာခြင်းဖြစ်သည်။ သေဆုံးသွား သောဟာဆန်နာဆရယ်လာသည် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအုပ်စု ၏အကြီးအကဲအဖြစ် နှစ် ၃၀ ကျော်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
