လီယာအိုအား ခေါ်ယူရန် ဘာစီလိုနာအသင်း စိတ်ဝင်စား
24htopnews | October 31, 2024 8:12 PM CST
ဘာစီလိုနာအသင်းသည် အေစီမီလန်တောင်ပံကစားသမား လီယာအိုအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
လီယာအို (၂၅ နှစ်)သည် ယခုရာသီ အေစီမီလန်အသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၁) ပွဲတွင် (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ဘာစီလိုနာအသင်းသည် အသင်း၏ဘယ်တောင်ပံတိုက်စစ်အတွက် ဘီလ်ဘာအိုလူငယ်တိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူလိုနေသော်လည်း အဆင်မပြေပါက လီယာအိုအား ပြောင်းလဲခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ် သည်။
လီယာအိုသည် အေစီမီလန်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ခြေစွမ်းမပြနိုင်သည့်အတွက် ပြောင်းရွှေ့ကြေး ကျဆင်းလာကြောင်း သိရသည်။
ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် လီယာအိုအား ခေါ်ယူရန် အရင်ကတည်းက စိတ်ဝင်စားနေကြပြီး ယခုအခါ ၎င်း၏အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
