မန်ယူအသင်းသည် နည်းပြဟောင်း တန်ဟက်ဂ်၏နေရာအတွက် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ဟူဘင်အာမိုရင်မ်ကို အစားထိုးခန့်အပ်ရန် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသော်လည်း နိုင်ငံတကာရက်သတ္တပတ်စတင်ချိန်အထိ ကြန့်ကြာဖွယ်ရှိကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်အတွက် စာချုပ်လျော်ကြေး ယူရို ၁၀ သန်းပေးချေရန် သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။
သို့သော် စပို့တင်းလစ္စဘွန်းအသင်းနှင့် ၎င်းတို့အကြား စာချုပ်အချက်အလက်များအရ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာရန် နိုင်ငံတကာရက်သတ္တပတ် စတင်သည့် နိုဝင်ဘာ ၁၁ ရက်အထိ ကြန့်ကြာဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။
စပို့တင်းလစ္စဘွန်းအသင်းက အာမိုရင်မ်ကို အရေးကြီးပွဲစဉ်များပြီးမှသာ မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် တောင်းဆိုနေကြောင်းလည်း သိရသည်။
သို့ဖြစ်ရာ ယာယီနည်းပြ နစ္စတယ်ရွိင်းအနေဖြင့် ချယ်လ်ဆီး၊ PAOK၊ လက်စတာတို့နှင့် ပွဲစဉ် သုံးပွဲကို ဆက်လက်ကိုင်တွယ်ရဖွယ်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
