စပါးနည်းပြ ပိုစတီကိုဂလူးက ရာထူးမှ ထုတ်ပယ်ခံရမည်ကို စိတ်ပူမိကြောင်း ဝန်ခံပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ရလဒ်များဆိုးရွားမှုကြောင့် မန်ယူနည်းပြတန်ဟက်ဂ်မှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
စပါးအသင်းမှာလည်း ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အပြီးတွင် (၁၃)မှတ်သာ ရထားပြီး အဆင့်(၈) ရပ်တည်နေသည်။
ထို့ကြောင့် နည်းပြရာထူးအတွက် စိတ်ပူသလားဟု မေးမြန်းခဲ့ရာ ပိုစတီကိုဂလူးက ''စိတ်ပူပါတယ်။ ဒါပေမဲ့ ဘယ်အလုပ်မှ အာမခံချက် မရှိပါဘူူး။ နည်းပြတွေအတွက် သတ်မှတ်ထားတဲ့ ကာလလည်း မရှိပါဘူး။ ဒါပေမဲ့ ရာထူးက အထုတ်ခံရမယ်လို့ တစ်ချိန်လုံး စိတ်ပူနေလို့ မရပါဘူး။ လုပ်စရာရှိတာ လုပ်ရမှာပါ''ဟု ဆိုခဲ့သည်။
တန်ဟက်ဂ် ထုတ်ပယ်ခံရပြီးနောက် ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ဆောက်သမ်တန်နည်းပြ ရပ်ဆဲလ်မာတင်က ရေပန်းအစားဆုံးဖြစ်နေပြီး ပိုစတီကိုဂလူးမှာ အဆင့်(၁၀)နေရာတွင်သာ ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
