လက်ရှိတွင် တူရကီကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်နေသည့် ပေါ်တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုက သူ၏နည်းပြဘဝ အဆုံးမသတ်မီ အင်္ဂလန်သို့ ပြန်လာလိုကြောင်း Sky Sports ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
''ကျွန်တော့်မှာ အင်္ဂလန်ကလပ် သုံးသင်း ရှိခဲ့ပါတယ်။ အင်္ဂလန်မှာ မတူညီတဲ့ကာလလေးခုမှာ ကျွန်တော် နည်းပြခဲ့ပါတယ်။ ကျွန်တော် ဒီနိုင်ငံကို ချစ်မြတ်နိုးပါတယ်။ ပြီးတော့ ကျွန်တော့်လူမှုရေးအမြင်ဘက်က ကြည့်ရင် ဒီလိုမြို့များစွာမှာ နေထိုင်ခဲ့ရလို့ အများကြီးကံကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုကတော့ လန်ဒန်မှာ နေထိုင်ပါတယ်။ လန်ဒန်ဟာ အိမ်ပါပဲ။ ဒါကြောင့် တစ်နေ့ကျရင် ကျွန်တော် ပြန်လာမှာပါ။ ဘယ်သူမှ အလိုမရှိခဲ့ရင်လည်း တစ်နေ့နေ့မှာ ကျွန်တော် ပြန်ပါလိမ့်မယ်။ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုရင် နောက်ထပ်နှစ်နှစ်လောက်မှာ ဖြစ်မယ်ဆိုတာ သိသာရှင်းလင်းပါတယ်။ ဒီရာသီနဲ့ နောက်ရာသီပေါ့''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် လက်ရှိကလပ် ဖီနာဘာချီအသင်းနှင့် (၂)နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။
မော်ရင်ဟိုက အင်္ဂလန်သို့ပြန်လာချိန်တွင် တန်းဆင်းဇုန်အတွက် တိုက်ပွဲဝင်ရမည့်အသင်းကိုမူ ကိုင်တွယ်လိုခြင်းမရှိဟုလည်း နောက်ပြောင်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
