ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက အနာဂတ်၌ လာလီဂါပြိုင်ပွဲတွင် ပြန်ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ၂၀၂၄ Ballon d'Or ဆုရှင် ရိုဒရီ(၂၈ နှစ်)အား လာမည့် ၂၀၂၅ နွေရာသီတွင် ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ယခု ၎င်း၏ပြောစကားကြောင့် အပြောင်းအရွှေ့မှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။
ရိုဒရီသည် ၂၀၁၉ တွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လာလီဂါတွင် ပြန်ကစားလိုကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ရိုဒရီက ''ဒီဘက်နှစ်တွေအတွင်း လာလီဂါပြိုင်ပွဲဟာ ပိုြံပီးကြီးထွားလာပါတယ်။ ကျွန်တော် အင်္ဂလန်ကို ရောက်ရောက်ချင်းမှာပဲ အင်္ဂလိပ်ဘောလုံးကို သဘောကျနှစ်သက်ခဲ့ရပါတယ်။ မန်စီးတီးမှာ ကျွန်တော် အရမ်းပျော်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းလည်း ရှိနေသေးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တစ်နေ့ လာလီဂါမှာပြန်ကစားနိုင်ဖို့မျှော်လင့်ပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
