မိမိတွင် ပိုလျှံနေသောပစ္စည်းနှင့် အသုံးမတည့်တော့သည့်ပစ္စည်းများကို အွန်လိုင်းမှတဆင့် I MyanmarMarket တွင်အရောင်းအဝယ်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် I MyanmarMarket ကိုအသုံးပြုသည့် Customer များအတွက် ငွေပေးချေမှုအပိုင်းနှင့် ပတ်သက်ပြီး ပိုမိုအဆင်ပြေလွယ်ကူစေရန်ရည်ရွယ်ပြီး iMyanmar House နှင့် AYA Pay တို့ပူးပေါင်း၍ယနေ့အောက်တိုဘာ ၃၁ ရက်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။
” iMyanmarMarket ကိုအသုံးပြုပြီး Online ကနေကိုယ့်မှာပိုလျှံနေတဲ့ပစ္စည်းတွေ၊လိုအပ်တဲ့ပစ္စည်းတွေကို အလွယ်တကူရောင်းဝယ်လို့ရမှာဖြစ်ပါတယ်။ Online ဖြစ်တဲ့အတွက်ကိုယ့်အိမ်ကနေပဲရောင်းစရာရှိတဲ့ပစ္စည်းတွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးတင်လိုက်ရုံနဲ့ အရောင်းအဝယ်ပြုလုပ်လို့ရပြီဖြစ်ပါတယ်”ဟု iMyanmar House မှ Group CEO ဖြစ်သူ ဦးနေမင်းသူက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
I MyanmarMarket သည် မိမိတွင်ပိုလျှံနေသည့် ပစ္စည်းများနှင့်အသုံးမတည့်တော့သည့် ပစ္စည်းများကို ပြန်လည်ရောင်းချနိုင်သည့် C2C Platform တစ်ခုဖြစ်ကြောင်း၊ ပစ္စည်းရောင်းချလိုသူနှင့်ရှာဖွေလိုသူတို့အကြား၊အလဲအထပ် လုပ်လိုသူတို့အကြား Online ကနေတဆင့် အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ချိတ်ဆက်နိုင်မည့် application တစ်ခုဖြစ်ပြီး website ကနေတဆင့်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Website ကဖြစ်စေ၊ Application ကတဆင့်ဖြစ်စေ အကောင့်ဖွင့်ပြီး ကိုယ်စိတ်ဝင်စားသည့် ပစ္စည်းများကို ရှာဖွေနိုင်မည်ဖြစ်သလို၊ ကိုယ်ရောင်းချလိုသည့် ပစ္စည်းများကိုလည်း အရောင်း post တင်ပြီး ပြန်လည်ရောင်းချလိုကြောင်းကိုယ်တိုင်တိုက်ရိုက်ချိတ်ဆက်ဖော်ပြနိုင်မည့် Online ဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
