အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပြည့်စုံသည့်အခြေအနေတစ်ခု ဘယ်တော့မှ ရှိလာမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ပြုလုပ်သည့် YRTA သုံးနှစ်ပြည့် အခမ်းအနား၌ ပြောကြားသည်။
“အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ ပြည့်စုံတယ်ဆိုတဲ့အခြေအနေတစ်ခုက ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြည်သူတွေသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လွယ်ကူချောမွေ့စွာသွားလာနိုင်ဖို့နဲ့ ရန်ကုန်မြို့မှာနေထိုင်ရတဲ့ အခြေအနေဟာ အစစအရာရာအတွက် အဆင်ပြေချောမွေ့တယ်ဆိုတဲ့ အနေအထားတစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားအားထုတ်ရဦးမှာပဲဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်က ပြောကြားသည်။
ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အဓိကအကျဆုံးသည် ပြည်သူများက ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းမှုမရှိပါက မထသစနစ်မှ YBS စနစ်သို့ ပြောင်းနိုင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ဒီအခြေအနေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီးအစိုးရကို တွန်းအားပေးဆောင်ရွက်လာပါတယ်။ ဒီအခြေအနေတွေကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ လမ်းညွှန်ခဲ့ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တဲ့ YRTA ကနေ YBS စနစ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ အစကာလမှာ လွန်စွာခက်ခဲခဲ့ပါတယ်။ ပြည်သူကနေ စနစ်ကိုတွန်းပြီး ပြောင်းရွှေ့သွားတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ရည်မှန်းချက်သည် ဖြစ်ရန်ဖြစ်ကြောင်း၊ ကားလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်းများကို ပေါင်းစည်းပေးနိုင်ရန်နှင့် ပေါင်းစည်းသည့်နေရာများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ကြောင်း၊ ပြည်သူလူထုနေထိုင်သည့် နေရာအများစုသည် လွယ်ကူချောမွေ့ပြီး သွားလာရေးအဆင်ပြေရန် ကြိုးစားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ကျွန်တော်တို့ ရရှိထားတဲ့အခြေအနေဟာ ရထားဘူတာရုံနဲ့ ကားမှတ်တိုင်တွေက နေရာတိုင်းမှာ ချိတ်ဆက်မိနေတာ မဟုတ်ပါဘူး။ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲအောင်ဆောင်ရွက်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အချို့နေရာတွေက ဘူတာရုံက ဆင်းလိုက်ရင် ဘတ်စ်ကားတန်းစီးနိုင်တဲ့ အခြေအနေဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့အား ရေကြောင်းလမ်းမှ ပတ်သွားနိုင်သည့် ခရီးစဉ်တစ်ခု တည်ဆောက်နိုင်ရန် ကြိုးစားနေကြောင်း၊ ယင်းအတွက် တင်ဒါခေါ်ယူခဲ့ရာ တင့်တင့်မြန်မာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သော်လည်း လက်ရှိအချိန်ထိ ရန်ကုန်မြစ်၊ လှိုင်မြစ်တို့တွင်သာ ပြေးဆွဲနိုင်သည့်အခြေအနေဖြစ်ပြီး ရန်ကုန်မြို့ကိုပတ်နိုင်သည့် အခြေအနေမရောက်သေးကြောင်း၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းတို့အား ပတ်နိုင်ရန်နှင့် သန်လျင်နှင့် ဒဂုံဆိပ်ကမ်းဘက်အား ချိတ်ဆက်နိုင်ရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
