လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကွန်မြူနတီဒိုင်းပွဲတွင် အာဆင်နယ်အသင်းကို အနိုင်ရရန်အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနှင့် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းတို့သည် ယနေ့ (သြဂုတ်လ ၂၉ ရက်)တွင် ကွန်မြူနတီဒိုင်းပွဲအဖြစ် ဝင်ဘလေကွင်း၌ ကစားကြမည်ဖြစ်သည်။
ကလော့ပ်က မိမိတို့အနေဖြင့် အဆိုပါပွဲစဉ်တွင် အနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲကြိုအဖြစ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က "ကပ်ဘေးကြောင့် အရင်ရာသီတွေလို ကျွန်တော်တို့ ပြင်ဆင်ချိန်သိပ်မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ ဖီဖာကလပ်ကမ္ဘာဖလား ကစားခဲ့ရတယ်။ လူတွေက ဖီဖာကလပ်ကမ္ဘာ့ဖလားဟာ ဘာမှမဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဖလားရတဲ့ ခံစားချက်က အရမ်းကို ကောင်းပါတယ်။ အခု ကွန်မြူနတီဒိုင်းကိုလည်း ကျွန်တော်တို့ လိုချင်ပါတယ်။ အဲဒီအတွက် အာဆင်နယ်အသင်းကို အနိုင်ရအေင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကလော့ပ်က လာမည့် ၂၀၂၀-၂၁ ရာသီမှာ ခက်ခဲမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
