ချယ်လ်ဆီးနောက်ခံလူသစ် သီယာဂိုဆေးလ်ဗားက မိမိအနေဖြင့် ချန်ပီယံဆုများကို စိန်ခေါ်ရန်အတွက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အသက် (၃၅)နှစ်အရွယ်ရှိ ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် သီယာဂိုဆေးလ်ဗားကို တစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်တွင် နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသော အချက်ကို ထည့်သွင်းခဲ့ကြောင်းလည်း သိရသည်။
သီယာဂိုဆေးလ်ဗားက "ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်နေပါတယ်။ (ချယ်လ်ဆီးနည်းပြ) ဖရန့်လမ်းပတ်ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ လူစာရင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ဝမ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ ချယ်လ်ဆီးအသင်းကို ချန်ပီယံဆုတွေ စိန်ခေါ်ဖို့အတွက် ပြောင်းရွှေ့လာတာပါ။ သိပ်မကြာခင် စတမ်းဖို့ဘရစ်ချ်ကွင်းမှာ ကစားဖို့ ကျွန်တော် မျှော်လင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၅၄)ဂိုးအထိ ပေးခဲ့ရသဖြင့် လမ်းပတ်သည် အသင်း၏ခံစစ်ပိုင်းကို ပြုပြင်ရန်အတွက် သီယာဂိုဆေးလ်ဗားကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်စတာအသင်းမှ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်နှင့် နိုက်စ်အသင်းမှ ပြင်သစ်နောက်ခံလူ မာလန်းဆားတို့ကို ခေါ်ယူထားသည်။
ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် တီမိုဗာနာ၊ ဇီယာ့ရှ်တို့အပါအဝင် ကစားသမား (၈)ဦးအထိ ခေါ်ယူထားပြီး ပေါင် (၁၃၆)သန်းကျော် အသုံးပြုပြီးဖြစ်သော်လည်း ကစားသမားသစ်များ ထပ်မံခေါ်ယူဦးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
