ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုက လာမည့်ရာသီတွင် အောင်ပွဲများ ရယူသွားမည်ဟု ကြုံးဝါးခဲ့သည်။
စီရော်နယ်လ်ဒိုက ဂျူဗင်တပ်စ်အသင်းနှင့် တတိယရာသီအတွက် အဆင်သင့်ဖြစ်နေပြီး မိမိ၏ စိတ်ဓာတ်နှင့် ရည်မှန်းချက်မှာ အမြဲမြင့်မားသည်ဟု Instagram တွင် ရေးသားကာ အပြောင်းအရွှေ့သတင်းများကိုလည်း အဆုံးသတ်စေခဲ့သည်။
စီရော်နယ်လ်ဒိုက "ကျွန်တော်နဲ့ ဂျူဗင်တပ်စ်အသင်းမှာ ရှိနေသူအားလုံး အီတလီမှာ ထပ်ပြီးအောင်ပွဲခံဖို့၊ ဥရောပနဲ့ ကမ္ဘာမှာ အောင်ပွဲခံဖို့၊ စံချိန်တွေ ချိုးဖျက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာပါ"ဟု Instagram တွင် ရေးသားခဲ့သည်။
၂၀၂၀-၂၁ ရာသီ စီးရီးအေပြိုင်ပွဲကို စက်တင်ဘာ (၁၉)ရက်တွင် စတင်ကစားမည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံဆုကို (၁၀)ရာသီဆက် ရရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။
အသက် (၃၅)နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၉)ပွဲတွင် (၆၅)ဂိုး သွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
