မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၆ လမ်းနှင့် ၁၃၃ လမ်းထောင့်ရှိ ရပ်ကျေးရုံးတွင် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းတွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ရပ်ကျေးရုံးပတ်ဝန်းကျင်အား ရုံးအကူဝန်ထမ်းတစ်ဦးမှ ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက် ၇ နာရီကျော်ခန့်ကသန့်ရှင်းရေးပြုလုပ်စဥ် မပေါက်ကွဲသေးသည့် MG-1 အမျိုးအစား လက်ပစ်ဗုံးတစ်လုံးကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” သန့်ရှင်းရေးလုပ်နေတုန်း ရပ်ကျေးရုံးအဆောက်အဦရဲ့အနောက်ဖက်မှာတွေ့တာပါ။ လုံ ခြုံရေးအဖွဲ့ဝင်တွေလာပြီးစစ်ဆေးခဲ့ကြပါတယ်။ အန္တရာယ်မရှိဘူးလို့ ပြောတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါ လက်ပစ်ဗုံးအား သက်ဆိုင်ရာ မိုင်းရှင်းလင်းရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် သိမ်းဆည်းသွားခဲ့ကြောင်းလည်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၃၀ ရက်ည ၆ နာရီကျော်ခန့်က ယင်း ရပ်ကျေးရုံးသို့ ကလစ်ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား(၂)ဦးမှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်(၁)ဦးနှင့်အမျိုးသား (၁)ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ ရုံးအနီးရှိကား(၂)စီးတွင်လည်း ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
