အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (IACA)မှ ပေးအပ်သည့် သင်တန်းများသို့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တာဝန်ရှိသူများကို သက်သာသော သင်တန်းကြေး(သို့) အခမဲ့ အွန်လိုင်းသင်တန်းများဖြင့် စီစဉ်ပေးစေလိုကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားလိုက်သည်။
ဩစတြီးယားနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ(IACA) အဖွဲ့ဝင်များ၏ (၁၃)ကြိမ်မြောက်ညီလာခံကို အောက်တိုဘာ (၃၀)ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် IACA ၏ လုပ်ငန်းအစီအစဉ် (၂၀၂၅-၂၀၂၈)အား အပြည့်အဝထောက်ခံမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံများအားလုံး အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် နည်းပညာအကူအညီများ၏ အရေးပါမှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာသင်ခန်းစာများ ဖြန့်ဝေထားရှိမှုနှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို မီဒီယာလှုပ်ရှားမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရေးစကားဝိုင်းများဖြင့်လည်း ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
အမြဲတမ်းကိုယ်စားလှယ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC)၊ သက်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ(SDGs) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် IACA နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ညီလာခံတွင် သဘာပတိအဖြစ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး YB Dato’ Sri Azalina binti Othman Said ကဆောင်ရွက်ခဲ့ပြီး မွန်တီနီဂရိုးနိုင်ငံဒုတိယဝန်ကြီးချုပ် အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန အကြီးအကဲများ၊ ဗီယင်နာမြို့အခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
