ပြည်ပသို့ ဆန်၊ ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်ရငွေများကို ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ယနေ့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်တိုက်တွန်းခဲ့သည်။
ထို့အပြင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပဏီများ အလေးထားလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည့် ယင်းထုတ်ပြန်ချက်တွင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည်ဆိုပါက ကုန်ဝယ်သူ(Buyer)၊ ကုန်လက်ခံနိုင်ငံ၊ အရည်အသွေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် အကြံပြု နှိုးဆော်ထားသည်။
အလားတူ ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်နှင့် လစဉ် လကုန်ပြီး(၇)ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ်စာရင်းကိုလည်း Myanmar Rice Online (MyRO)၏ Online စနစ်သို့ မပျက်မကွက်စာရင်းသွင်းရန် သတ်မှတ်ထားချက်ကိုလိုက်နာရန်လည်း အသိပေးထားသည်။
ထို့ကြောင့် ဆန်၊ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်တင်ပြလျှောက်ထားရာတွင် ယင်း လိုအပ်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ပို့ကုန်တင်ပို့မှု အတွက် ကုန်ကြမ်းများဝယ်ယူစုဆောင်းရာတွင် ကုမ္ပဏီတစ်ခုချင်းစီ၏ Export Plan နှင့် အဆိုပါ Export Plan နှင့်ကိုက်ညီသော ကုန်ကြမ်းဝယ်ယူစုဆောင်းမည့် Purchasing & Storage Plan တို့ကိုလည်း စနစ်တကျပြုစုတင်ပြရမည်ဟု နှိုးဆော်ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
