အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် မီးခိုးမြူများကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကျရောက်နိုင်သည်ဟု မြို့တော် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး အဖွဲ့က သတိပေးခဲ့ပြီးနောက် ဒေလီမြို့ရှိ စာ သင်ကျောင်းများကိုု တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ကလေးငယ်များ ညစ်ညမ်းနေသည့်လေကို မရှူရှိုက်မိစေ ရန်အတွက် နိုဝင်ဘာ ၁၅ ရက်မှစပြီး စာသင် ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ဒေလီမြို့ အာဏာပိုင်အဖွဲ့ အကြီးအကဲဖြစ်သူ အာဗင် ကီရီဝါလ်က သတင်းထောက်များကို ပြောသည်။ မြို့တော်ဒေလီတွင် လူဦးရေ သန်း ၂၀ ခန့် နေထိုင်လျက်ရှိသည်။
နယူးဒေလီသည် ကမ္ဘာပေါ်တွင် လေထုအညစ် ညမ်းဆုံး မြို့ကြီးများထဲ၌ ပါဝင်နေပြီး စက်ရုံ များနှင့် ယာဉ်များမှ ထုတ်လွှတ်သည့် အန္တ ရာယ်ရှိ အခိုးအငွေ့များနှင့် တောင်ယာမီး ရှို့မှုများမှ ထွက်ပေါ်လာသည့် မီးခိုးများ ကြောင့် ၎င်းမြို့၏ လေထုသည် ဆောင်းရာသီ ရောက်တိုင်း အဆိပ်သင့်စေသည့် အခြေအနေသို့ ရောက်ရှိသွားတတ်သည်။
နိုဝင်ဘာ ၁၃ ရက်တွင် ဒေလီမြို့၏ လေထုထဲ၌ PM 2.5 အမှုန်ပါဝင်မှု ပမာဏသည် ၃၀၀ အထက်သို့ ရောက်ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
