အရပ်ဘက်အုပ်ချုပ်ရေးကောင်စီသို့ အာဏာချက်ချင်းလွှဲပြောင်းပေးရန် တောင်းဆိုမှုကို စစ်တပ်က ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပြီးနောက် ဆူဒန်ဆန္ဒပြခေါင်းဆောင်များသည် စစ်ဘက်အုပ်ချုပ်သူများနှင့် ဆွေးနွေးမှုများကို ဧပြီ ၂၂ ရက်တွင် ဆိုင်းငံ့ခဲ့သည်။
ဧပြီ ၁၁ ရက်တွင် ကာလရှည်ကြာ ခေါင်းဆောင်အိုမာအယ်ဘာရှား ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် အာဏာထိန်းချုပ်ခဲ့သည့် စစ်ဘက်ကောင်စီထံမှ အာဏာလွှဲယူမည့် အရပ်ဘက်ကောင်စီ၏ အဖွဲ့ဝင်များကို ထုတ်ပြန်ရန် ဆန္ဒပြခေါင်းဆောင်များက စီစဉ်ထားခဲ့သည်။
ယင်းကဲ့သို့ အရပ်ဘက်ကောင်စီထုတ် ပြန်မှုကို ဆန္ဒပြလူအုပ်ကြီးက စစ်တပ်ဝင်း အပြင်ဘက်တွင် ဧပြီ ၂၁ ရက်တစ်ရက်လုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့ကြသော်လည်း ယင်းကဲ့သို့ ဖြစ်လာမည် မဟုတ်ကြောင်း ညပိုင်းရောက်လာချိန်တွင် ရှင်းလင်းလာခဲ့သည်။ သီတင်းပတ်နှင့်ချီ ကြာမြင့်လာပြီဖြစ်သည့် ထိုင်သပိတ်များကို ဆက်လက်လုပ် ဆောင်မည်ဟု ပြောကြားခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်မိုဟာမက်အယ် အာမင်က စစ်ဘက်ကောင်စီသည် ဖြုတ်ချခံ ဘာရှားအစိုးရဟောင်းနှင့် ကွဲလွဲမှုမရှိသလောက်ဖြစ်ကြောင်း၊ စစ်ဘက်ကောင်စီသည် ထိုအစိုးရဟောင်းကို ချဲ့ထွင်ထားခြင်းဟု ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်က ပြည်သူများထံ အာဏာလွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း၊ ဆန္ဒပြသူများ၏ တောင်းဆိုချက်အတိုင်း တစ်ပတ်အတွင်း တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက် အစောပိုင်းတွင် ကတိပြုခဲ့သည်။ သို့သော် လမ်းများအား ပိတ်ဆို့ထားပြီး အခွင့်မရှိဘဲ လူများအား ရှာဖွေနေသည့် ဆန္ဒပြသူများကို ၎င်းက နောက်ပိုင်းတွင် ဝေဖန်ခဲ့သည်။
ဧပြီ ၁၁ ရက်တွင် ဘာရှားရာထူးမှ မဖယ်ရှားခံရမီကတည်းက စစ်တပ်ဝင်းအပြင်ဘက်တွင် စခန်းချနေခဲ့သည့် ဆန္ဒပြလူ အုပ်ကြီးသည် ၎င်းတို့၏ ဆန္ဒပြခေါင်းဆောင်များက စစ်ဘက်အုပ်ချုပ်သူများထံမှ အာဏာလွှဲပြောင်းယူမည့် အရပ်ဘက်ကောင်စီတစ်ခုကို ကြေညာပေးမည့် အစီအစဉ်ကို ဧပြီ ၂၁ ရက်တွင် စောင့်ဆိုင်းခဲ့ကြသည်။
ဘာရှား၏နေအိမ်အား ရှာဖွေစဉ်အတွင်း ယူရို ခုနစ်သန်း (ဒေါ်လာ ၇.၈ သန်း)၊ ဒေါ်လာ ၃၅၀၀၀၀၊ ဆူဒန်ပေါင် ငါးဘီလျံ (ဒေါ်လာ ၁၀၅ သန်း) တို့ ပါဝင်သည့် ငွေသားများကို ရဲ၊ စစ်တပ်နှင့် လုံခြုံရေးအေးဂျင့် များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ဘာဟန်က ပြောကြားခဲ့သည်။ ကမ္ဘာတွင် ဆင်းရဲနိမ့်ကျမှုအဆိုးဆုံးတစ်နိုင်ငံဖြစ်သော ဆူဒန်တွင် နိုင်ငံခြားငွေကြေး ရှားပါးမှုသည် ဘာရှားအားနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများကို ပိုဆိုးစေသည့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်သည်။
စစ်ဘက်ကောင်စီသည် နှစ်နှစ်ကြာမြင့်မည့် အသွင်ကူးပြောင်းရေးကာလအတွင်း အာဏာထိန်းချုပ်ရန် စီစဉ်ထားပြီး ဆန္ဒပြသူများနှင့် ဆွေးနွေးခဲ့ကြသော်လည်း အရပ်ဘက်ကောင်စီဖွဲ့စည်းမှုနှင့် ပတ်သက်၍ သဘောတူညီချက်မရသေးပေ။
၎င်းတို့၏ ကောင်စီသည် ပြည်သူများထံ အာဏာလွှဲပေးရန် ကတိပြုကြောင်း ဘာဟန်က အာဏာကို ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အစိုးရရုပ်သံတွင် ပထမဆုံး အင်တာဗျူး၌ အခိုင်အမာ ပြောကြားခဲ့သည်။ အကြမ်းဖက်မှုအား အားပေးသော နိုင်ငံများစာရင်းမှ ဆူဒန်အား ဖယ်ရှားပေးရေး အမေရိကန်ကို တောင်းဆိုရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ၀ါရှင်တန်သို့ သွားရောက်မည်ဖြစ်ကြောင်း ဘာဟန်က ပြောကြားခဲ့သည်။
လမ်းပေါ်ဆန္ဒပြမှုများနှင့် နိုင်ငံတကာ၏ ဖိအားများ မြင့်တက်လာမှုကြောင့် စစ်ဘက်ကောင်စီသည် လာမည့်သုံးပတ်အတွင်း အာဏာစွန့်လွှတ်မည်ဟု ထိုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အာမက်အယ်ရာဘီယာက ပြောကြားခဲ့သည်။ Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
