ဧပြီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ၂၃ ပတ်မြောက် Yellow Vest အစိုးရ ဆန့်ကျင်လှုပ်ရှားမှုများအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဆန္ဒပြသူ ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဧပြီ ၂၀ ရက် မွန်းလွဲပိုင်းမတိုင်မီအထိ ငြိမ်ငြိမ်သက်သက်ရှိနေပြီးနောက် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား လုံးထွေးမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့သည် stun grenade များ (ဒဏ်ရာပြင်းစွာ မဖြစ်စေဘဲ မူးမေ့ရုံသာ ဖြစ်စေသည့်ဗုံး)နှင့် မျက်ရည်ယိုဗုံးကို အသုံးပြု၍ ပါရီမြို့လယ်ရှိ ချီတက်ဆန္ဒပြအဖွဲ့ကို လူစုခွဲခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်များက ဆိုသည်။
အချို့သော ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များအား ပုလင်းများ၊ အခြားသောအရာများဖြင့် ပစ်ပေါက်ခဲ့ကြပြီး မော်တော်ယာဉ်များ၊ လုံခြုံရေးဘားတန်းများနှင့် အမှိုက်ပုံးများကို မီးရှို့ခဲ့ကြသည်။ အရွယ်မရောက်သေးသူ ခြောက်ဦးအပါအဝင် ဆန္ဒပြသူ ၂၂၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဆန္ဒပြသူတစ်ဦးချင်းကို စစ်ဆေးမှု ပြုလုပ်နေကြောင်းဟု ပါရီမြို့ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ခဲ့သည်။
ယခုသီတင်းပတ် Yellow Vest ဆန္ဒပြမှုသည် ပါရီမြို့တွင် အဓိကလုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ပြင်သစ်မြောက်ပိုင်းရှိ လိုင်လီ၊ဘော်ဒိုးနှင့် အနောက်တောင်ပိုင်းရှိ တူးလောက်တို့အပါအဝင် အခြားသောမြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
မတ် ၁၆ ရက်က ရှောင်ဇလီဆေးလမ်းမတစ်လျှောက်တွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကဲ့သို့ အကြမ်းဖက်မှုအသွင် ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များက ပြင်သစ်နိုင်ငံတစ်ဝန်းတွင် ရဲအရာရှိများနှင့် လက်နက်ကိုင် ပြင်သစ်ရဲတပ်ဖွဲ့ဝင် ၆၀၀၀၀ ကျော်ကို တာဝန်ချထားကြောင်း သိရသည်။
Les Mieserables ဝတ္ထုကို မမေ့ပါနှင့်
ဧပြီ ၁၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သော နော်တာဒိန်းခရစ်ယာန်ဘုရားရှိခိုးကျောင်း ဧရိယာဝန်းကျင်သို့ Yellow Vest ဆန္ဒပြသူများ ဝင်ရောက်မှုမရှိစေရန် ပိတ်ပင်တားမြစ်ထားခဲ့ကြောင်း သိရသည်။
သို့သော် ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာသန်းနှင့်ချီ၍ ကူညီပေးမည်ဟု ကတိပြုထားသည့် ပြင်သစ်ဘီလျံနာအများအပြား၏ ရက်ရက်ရောရော ပေးကမ်းမှုနှင့်ပတ်သက်ပြီး မချင့်မရဲဖြစ်မှုကို Yellow Vest ဆန္ဒပြသူ တစ်ဦးထက်မနည်းက ထုတ်ဖော်ပြသခဲ့ကြသည်။
မွန့်ပီလာမြို့တွင် ဆန္ဒပြသူတစ်ဦးက “ကျွန်တော်တို့ဟာ ဘုရားကျောင်း တစ်ကျောင်းစာ တန်ဖိုးရှိပါတယ်” ဟူသော ပိုစတာကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့သည်။
အခြားဆန္ဒပြသူများကမူ ပြင်သစ်စာရေးဆရာ အိုလီဗာပေါ်ရီရို၏ Twitter ပေါ်မှ ရေးသားချက်ကို ထောက်ခံခဲ့ကြသည်။ နော်တာဒိန်းဘုရားကျောင်း တည်ဆောက်ရေးအတွက် ရက်ရက်ရောရော လှူဒါန်းသူများအားလုံးကို ဗစ်တာဟူးဂိုက ကျေးဇူးတင်ကြောင်းနှင့် Les Mieserable အတွက် အလားတူအတိုင်း လုပ်ဆောင်ရန် အကြံပြုလိုကြောင်း စာရေးဆရာအိုလီဗာက ပါရီမှ အဆင်းရဲဆုံး လူများအကြောင်းရေးသားထားသော ဟူးဂို၏နာမည်ကျော် Les Mieserable ဝတ္ထုကို ရည်ညွှန်း၍ Twitter ပေါ်၌ ရေးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
