NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်များက စည်ပင်ဧည့်ရိပ်သာ (၂) တွင် လွှတ်တော်ခေါ်ယူ၍ ကျမ်းသစ္စာပြုမှုကို ထောက်ခံအားပေးသောအားဖြင့် လက်ခုပ်တီးလှုပ်ရှားမှု ရန်ကုန်မြို့တွင် ပြုလုပ်
24htopnews | November 1, 2024 10:12 AM CST
NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်များက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် လွှတ်တော်ခေါ်ယူ၍ ကျမ်းသစ္စာပြုမှုကို ထောက်ခံအားပေးသောအားဖြင့် ဖေဖော်ဝါရီ ၄ ရက်၊ ညနေ ၅ နာရီက လက်ခုပ်တီးလှုပ်ရှားမှု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် လက်ခုပ်တီးခြင်းအပြင် သံပုံးများ၊ အိုးခွက်ပန်ကန်များတီးခြင်းအပြင် NLD ပါတီအလံကိုလည်း လွှင့်ထူခဲ့ကြောင်း သိရသည်။
လက်ခုပ်တီးလှုပ်ရှားမှု ပြုလုပ်သူများက မိမိတို့ဆန္ဒမဲများဖြင့် ရွေးချယ် တင်မြောက်ထားသော ကိုယ်စားလှယ်များနှင့် တသားတည်း ရပ်တည်သွားမည် ဖြစ်ကြောင်းနှင့် အနိုင်ရ ကိုယ်စားလှယ်များကို အားပေးထောက်ခံကြောင်း ပြသသည့်အနေဖြင့် ၅ မိနစ်ကြာ လက်ခုပ်တီးကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
