နေပြည်တော် ဥပ္ပါတသန္တိ တပေါင်းကွင်းတွင် တပ်မတော်အား ကြိုဆိုထောက်ခံပွဲ ပြုလုပ်
24htopnews | November 1, 2024 10:12 AM CST
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိဘုရား တပေါင်းကွင်းတွင် တပ်မတော်အား ကြိုဆိုထောက်ခံပွဲ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်မတော်အား ကြိုဆိုထောက်ခံကြောင်း ပြုလုပ်ခဲ့သည့်ပွဲတွင် “ပြည်ပအားကိုးပုဆိန်ရိုး အမျိုးသားရေး သစ္စာဖောက်များ အလိုမရှိ'၊ 'ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဆောင်ရွက်လျက်ရှိသော မြန်မာ့တပ်မတော်အား ကြိုဆိုထောက်ခံပွဲ' စသည့် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်အား ကြိုဆိုထောက်ခံပွဲတွင် လူအင်အား ထောင်ချီ၍ ပါဝင်ခဲ့ပြီး ' ပြည်သူကို ချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ'၊ 'တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်' စသည့် ဗီနိုင်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံများကိုလည်း တက်ရောက်လာသူများက ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
