တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ စုပေါင်း၍ ဖဲကြိုးနီ လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေကြသော လက်ထောက်ဆရာဝန်များက တပ်မတော်မှ ပြည်သူ့အစိုးရထံမှ အာဏာသိမ်းယူခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း Civil Disobedience Campaign ကို ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် စဝ်စံထွန်းဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ စုပေါင်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် တောင်ကြီးမြို့ရှိ ကုတင် ၅၀၀ ဆံ့ စဝ်စံထွန်းဆေးရုံမှ သူနာပြုဆရာမများသည် လက်ရှိတွင် အလုပ်တာဝန်များကို ဆက်လက်ထမ်းဆောင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်လိုသဖြင့် မိမိတို့၏ ဆန္ဒသဘောထားကို ငြိမ်းချမ်းစွာ ထုတ်ဖော်သွားမည်ဖြစ်ပြီး Civil Disobedience Campaign ကို (၄-၂-၂၀၂၁) ရက်မှ စတင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ပြင် မြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ငြိမ်းချမ်းစွာ တစ်ခဲနက်ဆန့်ကျင် ဆန္ဒထုတ်ဖော်၍ အားလုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း ဖော်ပြပါရှိသည်။
ထိုသို့ Civil Disobedience Campaign ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကလည်း ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် တပ်မတော်မှ ပြည်သူ့အစိုးရထံမှ အာဏာထိန်းသိမ်းခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီ လှုပ်ရှားမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ထို့ပြင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သဘောထား တိုက်ဆိုင်သော ဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အစိုးရထံမှ အာဏာထိန်းသိမ်းခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
