နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်မောင်၊ လေယာဉ်မယ်များနှင့် Engineering & Maintenance ဌာနရှိ ဝန်ထမ်းများမှ အလုပ်တာဝန်များကို ဆက်လက် လုပ်ကိုင်ခြင်းမရှိဘဲ Civil Disobedience Campaign တွင် ပါဝင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်၌ မြန်မာအမျိုးသား လေကြောင်းလိုင်းတွင် ပျံသန်းရေးတာဝန် ထမ်းဆောင်နေသော ကျွန်တော်/ကျွန်မတို့ လေယာဉ်မောင်မယ်များသည် အာဏာသိမ်းစစ်အစိုးရ၏ ယန္တရားတွင် မပါဝင်နိုင်ပါသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ စတင်ကာ အလုပ်တာဝန်များကို ဆက်လက် လုပ်ကိုင်ခြင်းမပြုဘဲ မိမိတို့၏ဆန္ဒကို Civil Disobedience Campaign ပြုလုပ်၍ ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသမည် ဖြစ်ကြောင်း အသိပေးကြေညာကြောင်း ထုတ်ပြန်ခဲ့သည်။
ဆက်လက်ပြီး အဆိုပါကြေညာချက်တွင် ယခုလက်ရှိ လုပ်ဆောင်မည့် Civil Disobedience Campaign သည် အများပြည်သူကို ထိခိုက်နစ်နာစေရန် ဆန္ဒမရှိကြောင်း၊ တရားမျှတပြီး ငြိမ်းချမ်းသော ဒီမိုကရေစီစနစ်ကို ပြန်လည် ရယူလိုခြင်း ဖြစ်သည့်အတွက် မိမိတို့၏ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းအရ မြန်မာပြည်သူများ ရွေးချယ်ထားသော ပြည်သူရွေးကောက်ခံ အစိုးရလက်အောက်တွင်သာ အလုပ်လုပ်ကိုင်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ ဒီ Campaign မှာ အဓိက ပါဝင်ရခြင်းဟာ ကျွန်တော်တို့ မရွေးချယ်ထားတဲ့ အာဏာသိမ်းအစိုးရကို လက်မခံခြင်းကို ပြသခြင်းသာ ဖြစ်ပါတယ်။ ဒီ Campaign မှာ ပါဝင်ခြင်းက နိုင်ငံသားတွေရဲ့ ခရီးသွားလာမှုခက်ခဲအောင် လုပ်ခြင်းမဟုတ်သလို ကိုယ့်ရဲ့ လေကြောင်းလိုင်းအပေါ် သစ္စာဖောက်ခြင်းလည်း မဟုတ်ပါ။ ကိုယ့်ရဲ့ အလိုဆန္ဒကို ဦးစားပေးခြင်း မဟုတ်ဘဲ ပြည်သူနဲ့အတူ တစ်သားတည်း ရပ်ခြင်းသာ ဖြစ်ပါတယ်။ Pandemic ကာလမှာ ပြည်သူတွေ အဆင်ပြေစေဖို့ Relief Flight ပေါင်းများစွာ၊ Cargo Flight ပေါင်းများစွာကို စေတနာအပြည့်နဲ့ လိုက်ပေးခဲ့ပြီး PPE ဝတ်စုံအပြည့်နဲ့ Flying Time များစွာအတွင်း ရေမသောက်၊ အစားမစားရဘဲ တာဝန်ကို ကျေပွန်အောင် လုပ်ခဲ့ကြသူတွေပါ။ ကိုယ့်ရဲ့ Professional ကို အသက်နဲ့အမျှ တာဝန်ကျေခဲ့ကြပါတယ်။ ဒီလိုပါပဲ အခုနိုင်ငံရဲ့ အခက်အခဲကာလမှာ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က တာဝန်ကျေခြင်းသာ ဖြစ်ပါတယ်” ဟု Civil Disobedience Campaign တွင် ပါဝင်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှူထမ်းတစ်ဦးက ပြောကြားသည်။
ယင်းပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း Engineering & Maintenance ဌာနရှိ ဝန်ထမ်းများမှလည်း မိမိတို့ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့အစိုးရအဖွဲ့အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ တရားမဲ့သော နည်းလမ်းဖြင့် အစိုးရအဖွဲ့ ခေါင်းဆောင်များအား မတရားဖမ်းဆီး ထိန်းသိမ်းကာ နိုင်ငံတော်အာဏာ သိမ်းယူထားခြင်းအပေါ် ကျွနု်ပ်တို့ မြန်မာအမျိုးသား လေကြောင်းလိုင်း Engineering & Maintenance ဌာနရှိ ဝန်ထမ်းများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပြီး Civil Disobedience Campaign အား ထောက်ခံပြီး ပြည်သူ့ဝန်ထမ်း တစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။
နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) တို့က နေရပ်ပြန် မြန်မာနိုင်ငံသားများအား ခေါ်ယူရန် ပျံသန်းနေသည့် ကယ်ဆယ်ရေးလေယာဉ်နှင့် အထူးလေယာဉ် ခရီးစဉ်ပျံသန်းမှုများအား ပြန်လည် စတင်နေပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
