ဖားကန့်မြို့နယ်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ ဖြစ်ကြသည့် ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ သူနာပြုများမှ လက်ရှိ တပ်မတော်က အာဏာထိန်းသိမ်းခြင်းအား ဆန့်ကျင်သောအားဖြင့် ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖဲကြိုးနီကမ်းပိန်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမင်းလွင်က Eleven Media Group သတင်းဌာနအား ယခုကဲ့သို့ ပြောကြားသည်။
“ကျွန်တော်တို့ ဖဲကြိုးနီကမ်းပိန်း ပြုလုပ်တယ်ဆိုတာ အများပါဝင်လှုပ်ရှားမှုမှာ ကျွန်တော်တို့လည်း နောက်ကနေ ရှိနေတဲ့အကြောင်း ပြသတာပါ။ ဆေးရုံပိတ်ခြင်းတွေ အလုပ်ထွက်ခြင်းတွေတော့ မရှိဘူး။ ကုစရာရှိတဲ့ လူနာတွေတော့ ပုံမှန်အတိုင်း ကုသပေးနေဆဲပါ။ ရည်ရွယ်ချက်ကတော့ အထူးအထွေ ရှင်းပြစရာလိုမယ် မထင်ပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ အာဏာထိန်းသိမ်းမှုကို လက်မခံနိုင်တဲ့အကြောင်း ပြသတာပါ ။ ဒါဟာ နိုင်ငံသားတစ်ယောက် အခွင့်အရေးအနေနဲ့ ကျွန်တော်တို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ရာအတွက် တစ်ခဲနက် အားပေးထောက်ခံတဲ့ သဘောပါ”ဟု ဖားကန့်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမင်းလွင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်မှ နိုင်ငံတော်အာဏာအား သိမ်းပိုက်လိုက်ခြင်းနှင့် ပတ်သက်၍ Civil Disobedience ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
