မြန်မာ့မီးရထားမှ ယာယီ ရပ်နားထားသည့် ခရီးဝေးရထား၊ မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထားနှင့် ခရီးသည်စီးနင်းမှု လျော့နည်းသွားသဖြင့် ခရီးဝေးရထားများတွင် စာပို့ရထား ခြောက်စင်း၊ ပါဆယ်ရထား လေးစင်းနှင့် ကုန်ရထားများ ပြေးဆွဲပေးလျက်ရှိပြီး မြို့ပတ်နှင့် ဆင်ခြေဖုံး လမ်းပိုင်းများတွင် တွဲဆိုင်း သုံးဆိုင်းဖြင့် ခေါက်ရေ ၁၂ ခေါက်သာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာပြီ ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရန် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်၊ ရန်ကုန်-ပြည်၊ မန္တလေး-လားရှိုး စသည့် ရထားလမ်းပိုင်းများနှင့် အခြားလမ်းပိုင်းအသီးသီးတွင် လူစီးအမြန်ရထား၊ လူစီးစာပို့ရထား၊ လူစီးရထား၊ ခရီးတိုရထားများနှင့် ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်များကို ဖေဖော်ဝါရီ ၄ ရက်စ၍ ရထားစင်းရေ တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ရထားများ ပြေးဆွဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ Social Distancing ရှိရေးအတွက် ဘူတာအဝင်နှင့် ရထားပေါ်တွင် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဘူတာအဝင် လက်ဆေးခုံများ၌ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ပြီးမှ ဘူတာအတွင်း နှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် နှစ်ယောက် ထိုင်နိုင်သော ထိုင်ခုံတစ်ခုံ၌ ခရီးသည် တစ်ဦးသာ ထိုင်စေခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ယခင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစဉ် ရထားလမ်းကွန်ရက် တစ်လျှောက်တွင် လူစီးအမြန်ရထား အစင်း ၄၀၊ လူစီးစာပို့ရထား ၅၂ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတိုရထား ၁၆ စင်းတို့ဖြင့် ခရီးဝေးရထား စုစုပေါင်း ၁၅၆ စင်းနှင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများကို တွဲဆိုင်း ၂၁ ဆိုင်း ဖြင့် ၁၆၈ ခေါက် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် Stay at Home အစီအစဉ် စတင်ပြီးနောက် မြန်မာ့မီးရထားက ပြေးဆွဲနေသည့် မြို့ပတ်ရထားခရီးစဉ်အား ရုံးတက်ရုံးဆင်းချိန်၌သာ ပြေးဆွဲခဲ့ပြီး ကျန်မြို့ပတ်ရထား ခရီးစဉ်များ ယာယီရပ်နားထားခြင်း ဖြစ်သည်။
မြန်မာ့မီးရထားက COVID-19 ရောဂါ ကူးစက်ပြန်နှံ့မှုကို ထိန်းချုပ်နိုင်ရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ခရီးသွားလာမှု ကန့်သတ်ချက်များအရ ရထားဖြင့် ခရီးသည်စီးနင်း လိုက်ပါမှုများ လျော့နည်းသွားသည့်အတွက် အဓိကကျသည့် လမ်းပိုင်း ခြောက်ခုတွင်သာ ရထားတစ်စီးစီ ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
