COVID-19 ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို မူလအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်က ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိ ဆောင်ရွက်လျက်ရှိသော COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် COVID-19 ရောဂါဖြစ်ပွားမှု ပထမလှိုင်းတွင် မိမိတို့ ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် ပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့် ထိခိုက်မှု အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ပြီး ယခု ဒုတိယလှိုင်း ဖြစ်ပွားမှုများမှလည်း ဖြစ်ပွားမှုအရေအတွက် သိသာစွာ ကျဆင်းလာနေပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ COVID-19 ရောဂါ ဖြစ်ပွားသူဦးရေ လျော့နည်းကျဆင်းလျက် ရှိသော်လည်း ပေါ့ဆ၍ မရကြောင်း ပြောကြားသည်။
ဆက်လက်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ Mask and Face Shield Campaign နှင့် Yellow Camapign ကဲ့သို့သော ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ မြင့်မားလာစေရေး လုပ်ငန်းများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် ရောဂါရှိ မရှိ စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း အရေအတွက် ပိုမိုများပြားစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ၊ အခြားသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ယခုအခါ COVID-19 ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများကိုပါ ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ဆောင်ရွက်သူအားလုံးနှင့် ကူညီပံ့ပိုးပေးသူ အားလုံးကို အသိအမှတ်ပြုကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း မူလအစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် လုပ်ငန်း လိုအပ်ချက်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာ သုံးစွဲခြင်းများကိုလည်း စနစ်တကျ အလေအလွင့်မရှိ သုံးစွဲကြစေလိုကြောင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းသား ဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများသည် လုပ်ငန်းအတွေ့အကြုံများစွာ ရှိကြသူများဖြစ်၍ စနစ်တကျစီမံခန့်ခွဲ၍ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်သူများ၏ ကျန်းမာရေးကို အဓိက စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ကို အားလုံးမှ သိရှိနားလည် ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။
နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၅ ရက်မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူနှင့်အတူ စတင်ထိုးနှံမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယမှ ဝယ်ယူထားသည့် COVI-SHIELD ကာကွယ်ဆေး သန်း ၃၀ အနက် ကနဦးအနေဖြင့် နှစ်သန်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် COVI-SHI ELD / Astrazeneca ကာကွယ်ဆေးအကြိမ် (dose) အရေအတွက် သန်း ၃၀ ကို ဝယ်ယူထားပြီး ဖြစ်ကာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေးအကြိမ်ရေ နှစ်သန်းခန့် ကနဦး ရောက်ရှိလာမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
