နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီးနောက် တပ်မတော်မှ ပြန်လည်ဖွဲ့စည်းသည့် အစိုးရအဖွဲ့ လက်အောက်တွင် တာဝန်ဆက်လက် ထမ်းဆောင်လိုခြင်းမရှိ၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုမြို့တော်ဝန် အပါအဝင် ကော်မတီဝင် ခြောက်ဦးမှာ ဖေဖော်ဝါရီ ၃ ရက်က မိမိသဘောဆန္ဒနှင့် နုတ်ထွက်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးတွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူများမှာ မြို့တော်ဝန်နှင့် စည်ပင်ကော်မတီဝင်အချို့ကို တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ မြို့တော်ဝန်၊ ဒုမြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ ကော်မတီဝင် ၁၃ ဦးအနက် မြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် လေးဦးတို့မှာ တိုင်းအစိုးရအဖွဲ့မှ တိုက်ရိုက် ခန့်အပ်သူများဖြစ်ပြီး ဒုမြို့တော်ဝန်နှင့် ကော်မတီဝင် ခြောက်ဦးမှာ မြို့နယ်အလိုက် ရွေးကောက်ခံများ ဖြစ်သည်။ ယင်းတို့အနက် မိမိသဘောဆန္ဒနှင့် တာဝန်မှ နုတ်ထွက်ခဲ့သူများမှာ အမရပူရမြို့နယ်မှ ရွေးကောက်ခံ ဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ခံ ကော်မတီဝင် ဦးကျော်ဇောအောင်၊ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ခံ ကော်မတီဝင် ဦးကျော်ဇေယျနှင့် အောင်မြေသာစံမြို့နယ် ရွေးကောက်ခံ ကော်မတီဝင် ဦးခိုင်မြင့်၊ တိုက်ရိုက် ခန့်အပ်ထားသည့် ကော်မတီဝင် ဦးကျော်ဆန်းမြင့်၊ ဒေါက်တာသစ်ဆင်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က “ကျွန်တော့်အား မိဘပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် မိဘပြည်သူအပေါ် သစ္စာစောင့်သိသွားမှာပါခင်ဗျာ”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
မြို့တော်ဝန် ဒေါက်တာရဲလွင်မှာမူ တပ်မတော်မှ ပြန်လည်ဖွဲ့စည်းမည့် မန္တလေးတိုင်း အစိုးရအဖွဲ့တွင် ပြန်လည် ပါဝင်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း ၎င်းအနေဖြင့် ဆက်လက် လုပ်ကိုင်မည် မဟုတ်ဘဲ လုပ်လက်စ လုုပ်ငန်းများ စိတ်ချရသည်နှင့် နုတ်ထွက်မည် ဖြစ်ကြောင်း၊ အလွန်ဆုံး ၁၀ ရက်ပေါ့ ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
“လက်ရှိတာဝန်တွေ လုပ်ငန်းတွေ စည်ပင်ယန္တရားတွေ လည်ပတ်ဖို့အတွက် ကလေးကုလားဆန်လို့ မရဘူး။ နောက်လူကို စနစ်တကျ ကောင်းမွန်စွာလွှဲနိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့တော့ တာဝန်ချိန် ပြီးဆုံးတဲ့အထိ လုပ်ဆောင်ဖို့ စဉ်းစားထားတာပါ။ မန္တလေးမြို့အတွက် ကြည့်တာပါ” ဟု နုတ်ထွက်ခြင်း မပြုသေးသည့် ကော်မတီဝင်တစ်ဦးကလည်း ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
