ပုသိမ်ခရိုင် ငွေဆောင်မြို့အနီး ပင်လယ်ပြင်အတွင်းတွင် ထူးဆန်းသည့် ပေါက်ကွဲသံများကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ နေ့စဉ်ကြားနေရကြောင်း ငွေဆောင်မြို့ ဖုန်းမောင်ကြိုင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံများထံမှ သတင်းရရှိသည်။
မည်သည့် ပေါက်ကွဲသံဟု အမျိုးအစားခွဲခြမ်း၍ မပြောနိုင်သော်လည်း ပင်လယ်အတွင်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံကို ဖေဖော်ဝါရီ ၂ ရက်တွင် မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ်၊ ည ၉ နာရီခန့်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် တစ်ကြိမ် ကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“ကြားခဲ့ကြုံခဲ့ရတာတော့ ဟိုတစ်နေ့ကလေ တစ်ချက်ကြားတာ တော်တော်လေး ကျယ်တယ်။ နောက်တစ်ခါ ခပ်အုပ်အုပ်ပဲ ပင်လယ်ဘက်ကနေပဲ ကြားတာ။ အခုလည်း သိပ်မကြာသေးခင်ကပဲ နေ့လယ် ၁၅ မိနစ် လောက်က (ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီ) အခုခဏ တစ်ချက်ကြားတယ်။ အဲဒါလည်း တော်တော်လေး ကျယ်တယ်၊ ဘာသံလဲတော့ မသဲကွဲဘူး။ ပေါက်ကွဲသံတော့ သေချာတယ်။ ပင်လယ်ရေပြင်ကတော့ ထူးခြားတာ မရှိဘူး။ အိမ်တွေတောင်တုန်တယ် တစ်ကြိမ်က”ဟု ဖုန်းမောင်ကြိုင်ကျေးရွာ ရာအိမ်မှူး ဦးတင်ထွန်းက ပြောကြားသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ငွေဆောင်မြို့ အုပ်ချုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းခေါ်ဆို၍ မရခဲ့ပါ။
COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားလာမှု ရပ်ဆိုင်းထားမှုကြောင့် ခရီးသွားအပန်းဖြေသူများမှ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း မပြုလုပ်နိုင်သည့်အချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲသံများ ကြားရခြင်း ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
