COVID-19 ကူးစက် ဖြစ်ပွားမှုကြောင့် မန္တလေးဘူတာကြီးများ ထွက်ခွာပြေးဆွဲနေသည့် ရထားခရီးစဉ်များကို လျှော့ချရပ်နားထားရာ လက်ရှိ ဖေဖော်ဝါရီ ၄ ရက်တွင် ရထားခရီးစဉ်အချို့ ပြန်လည်ပြေးဆွဲကာ ဖေဖော်ဝါရီ ၅ ရက်တွင် ရထားခရီးစဉ်များအားလုံး ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လ စက်တင်ဘာလအတွင်းမှ စတင်ကာ COVID-19 ကူးစက်ဖြစ်ပွားမှု ကာကွယ်ရန်အတွက် ရာထားခရီးစဉ်များကို ရပ်နားခဲ့ခြင်းဖြစ်ပြီး မဖြစ်မနေ ခရီးသွားများ အဆင်ပြေရန်အတွက် မန္တလေးဘူတာကြီးမှ ရထားနှစ်စင်းသာ ထွက်ခွာပြေးဆွဲနေရာမှ ဖေဖော်ဝါရီ ၄ ရက်တွင် မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ကောလင်း နှင့် မန္တလေး-မတ္တရာ ရထားခရီးစဉ်များကို ပုံမှန်အချိန်များအတိုင်း ပြန်လည် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
“ဒီနေ့ ပြန်ပြေးဆွဲနေတာတွေက မန္တလေး-မတ္တရာ ရထားရှိမယ်။ မန္တလေး- ကောလင်း (အမှတ် ၅၃ အဆန် RBE ရထား) ရှိမယ်။ မန္တလေး - ရန်ကုန် ခရီးစဉ် ရထားနှစ်စင်းနဲ့ မန္တလေး - မြစ်ကြီးနားလမ်းပိုင်းမှာ နှစ်စင်း ပြန်ပြေးဆွဲပါပြီ။ ကျန်ရှိနေတဲ့ ရထားခရီးစဉ်တွေကိုတော့ မနက်ဖြန်မှာ အကုန်ပြေးဆွဲမှာပါ။ အရင်ပုံမှန် ထွက်နေကျ အချိန်တွေအတိုင်း အပြောင်းအလဲ မရှိပါဘူး”ဟု မန္တလေးဘူတာကြီးမှ ရုံပိုင်ချုပ်ကြီးက ပြောကြားသည်။
မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲသည့် ရထားခရီးစဉ်များကို COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ခရီးသည်များအား နေရာချကာ ပြေးဆွဲမည်ဖြစ်ပြီး ရထားလက်မှတ် ရောင်းချခြင်းများကို ယခင်အတိုင်း ရက်ကြိုကာ စတင် ရောင်းချပေးလျက်ရှိပြီး ခရီးသည်များအနေဖြင့် တစ်ခုံစာ သတ်မှတ်စျေးသာပေး၍ ဝယ်ယူစီးနင်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
