ဘောလုံးလောကတွင် လုပ်ပွဲများနှင့်ပတ်သက်၍ အသိပညာပေးမှုများကို အနာဂါတ်တွင်ပိုမိုပြုလုပ်သွားရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ AFC Legal Committee မှ မစ္စတာ ရာဇစ်ဇာကာရီးယားနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာနေရှင်နယ်လိဂ်(MNL)တို့မှ တာဝန်ရှိသူများဆွေးနွေးခဲ့ကြသည်။
၎င်းတို့သည် အောက်တိုဘာ ၃၁ ရက်မွန်းလွဲပိုင်းက ကမ္ဘာ့ဘောလုံးလောကအတွင်း အမြစ်တွယ်လာလျက်ရှိသည့် လုပ်ပွဲများလျော့နည်းပပျောက်သွားစေရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးမှုတွင် လုပ်ပွဲများနှင့်ပတ်သက်၍ အသိပညာပေးမှုများကို AFC နှင့် MFF/ MNL တို့ပူးပေါင်းကာ အနာဂါတ်တွင်ပိုမိုပြုလုပ်သွားရန်၊ ရရှိလာသည့် ထူးခြားသတင်းအချက်အလက်များကို ပြန်လည်မျှဝေပေးရန်၊ ကမ္ဘာ့အဆင့်အဖွဲ့အစည်းများ အာဏာပိုင်များနှင့် ပိုမိုလက်တွဲလုပ်ဆောင်သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနေရှင်နယ်လိဂ်(MNL)၏ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှလည်း လုပ်ပွဲကိစ္စရပ်များနှင့်ပတ်သက်၍ MNL မှပြင်ဆင်လုပ်ဆောင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
