ဟနွိုင်း၊အောက်တိုဘာ ၃၁
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ အပူပိုင်းမုန်တိုင်းထရမ်မီကြောင့် နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့သဖြင့် လူငါးဦးေ-သဆုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် နေအိမ်များလည်းရာနှင့်ချီပျက်စီးကာ ကောက်ပဲသီးနှံများပါပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။
အပူပိုင်းမုန်တိုင်းထရမ်မီသည် ဗီယက်နမ်အလယ်ပိုင်းသို့တနင်္ဂနွေနေ့ကဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဖိလစ်ပိုင်တွင်လည်း လူပေါင်း ၁၀၀ ကျော်ေ-သဆုံးစေခဲ့သည်ဟုသိရသည်။
ဗီယက်နမ်၌မူ မိုးများပြီးရေကြီးရေလျှံကာ လျှပ်စစ်ဓါတ်အားများပြတ်တောက်ခဲ့သည်။ လူငါးဦးေ-သဆုံးကာ နေအိမ် ၃၀၀ ထက်မနည်းပျက်စီးဆုံးရှုံးခဲ့ပြီး စိုက်ပျိုးမြေယာ ၁,၃၀၀ ဟက်တာပျက်စီးခဲ့သည်ဟုလည်းသိရသည်။
ဗီယက်န်သည် နှစ်စဉ် ဇွန်လနှင့်နိုဝင်ဘာလများကြားတွင် မုန်တိုင်းတိုက်ခတ်လေ့ရှိပြီး ပြီးခဲ့သည့်စက်တင်ဘာလကလည်း တိုက်ဖွန်းယာဂီကြောင့် ၃၄၅ ဦးေ-သဆုံးကာ စီးပွားရေးပျက်စီးဆုံးရှုံးမှု ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလျံအထိရှိခဲ့သည်။
Source : အေအက်ဖ်ပီ/အာရ်အယ်လ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
