အူန်ယွန်းဘာလင် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း အိမ်ကွင်း(၄)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ ဒါပေမဲ့ ဟိုင်းဟိုင်အသင်း အဝေးကွင်းမှာ သရေတော့ ခံကစားနိုင်လောက်တယ်။
မိုချန်ဂလာဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း အမှတ်ပေးပွဲ နောက်ဆုံး(၉)ပွဲ မှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒီပွဲလည်း အိမ်ကွင်းဖြစ်ပေမဲ့ ဘိုဟုမ်ကို မိုချန် အနိုင်မရနိုင်ဘူး။
၀ါဒါဘရီမင် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)
၀ါဒါဘရီမင်အသင်း ဘိုင်ယန်ကို အနိုင်ရပြီးကတည်းက ရလဒ်တွေကောင်းနေတယ်လို့ ပြောရမယ်။ ၀ါဒါဘရီမင် နိုင်ပွဲထပ်ယူဦးမယ်။
စတုဂတ် - ကိုလုံး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၉:၀၀ နာရီ)
ကိုလုံးအသင်းက အဝေးကွင်း(၂)ပွဲဆက်တိုက် အမှတ်ယူထားတယ်။ နှစ်သင်းအကြား အဆင့်ချင်းကွာပေမဲ့ ကိုလုံးအသင်း ဂိုးပြတ်မရှုံးလောက်ဘူး။
ဘိုင်ယန်မြူးနစ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူဟယ်လ်ကတော့ ရာသီကုန်မှာ အသင်းက ထွက်တော့မယ်။ လက်ရှိအခြေအနေမှာ တူဟယ်လ်ရဲ့ထွက်ခွာမှုက ဘယ်လောက်အထိ သက်ရောက်မလဲ မှန်းဆလို့မရသေးဘူး။ ဒါပေမဲ့ နည်းပြဟောင်း ယက်ဟေး နက်စ်လက်ထက် ရာသီကုန်မှာ ဂွါဒီယိုလာနဲ့ အစားထိုးတော့မယ့်အချိန်မှာ ဖလား(၃)လုံးရရှိခဲ့ဖူးတဲ့ သာဓကတွေတော့ ရှိခဲ့တယ်။ လိုက်ပ်ဇစ်အသင်းက အဝေးကွင်းတွေမှာတော့ ရလဒ်ပိုင်းက သိပ်ယုံစားလို့ မရသေးဘူး။ ဘွန်ဒစ်လီဂါအဝေးကွင်း နောက်ဆုံး(၆) ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့တယ်။ ဘိုင်ယန်မြူးနစ် နိုင်ပွဲပြန်ရမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
