လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုသည် အသင်းဟောင်း လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်တို့၏ နည်းပြရာထူးအတွက် ရေပန်းစားနေခြင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
အလွန်ဆိုသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့်လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်၏နေရာ၌ အစားထိုးခန့်အပ်ခံရရန် ရေပန်းစားနေသည်။ ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းကလည်း နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်နှင့် ယခုရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့ပြီးနောက် အလွန်ဆိုမှာ ယင်းရာထူးအတွက်ပါ ရေပန်းစားလာခြင်း ဖြစ်သည်။
၎င်း၏အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် အလွန်ဆိုက "ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ခင်ဗျားဆီမှာ မေးခွန်းတွေရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒါနဲ့ပတ်သက်ပြီး အသစ်ပြောပြစရာမရှိပါဘူး။ အဲဒီကိစ္စကို ကျွန်တော် ကြိုပြီးပြောပြချင်တာပါ။ အခုအချိန်မှာ ကျွန်တော်က ဒီအသင်းရဲ့နည်းပြအဖြစ်ရှိနေတယ်ဆိုတာ သေချာပါတယ်။ အနာဂတ်အတွက် ကျွန်တော့်မှာ ပြောပြစရာအသစ်မရှိသေးပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ဒီလိုထင်ကြေးတွေက ကျွန်တော့်အတွက် ပြ ဿနာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်က ကိုယ့်အသင်းနဲ့အတူ အောင်မြင်မှု ရယူနိုင်ဖို့ဆိုတာ သိပါတယ်။ အဲဒါက ကျွန်တော့် အလုပ်ပါ။ အခုလောလောဆယ်မှာ ကျွန်တော်တို့က အခြေအနေကောင်းမွန်နေပြီး အဲဒါကို ဆက်ထိန်းထားချင်ပါတယ်။ မေးခွန်းတွေရှိနေတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး" ဟု ဖြေကြားခဲ့သည်။
အလွန်ဆို (၄၂ နှစ်) သည် လီဗာပူးလ် အသင်းတွင် ၂၀၀၄ မှ ၂၀၀၉ ခုနှစ်အထိ ငါးရာသီကစားခဲ့ဖူးပြီး FA ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလား တစ်ကြိမ်စီ၊ ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အထိ သုံးရာသီကစားခဲ့ဖူးပြီး ဘွန်ဒစ်လီဂါချန်ပီယံ သုံးကြိမ်၊ ဂျာမန်ဖလား နှင့် ဂျာမန်စူပါဖလား တစ်ကြိမ်စီ ရရှိခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့သည်။
အလွန်ဆိုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် လေဗာကူဆင်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် မေလတွင် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
