ချယ်လ်ဆီးတိုက်စစ်ကစားသမား စတာ လင်က မိမိတို့အသင်းအနေဖြင့် လိဂ်ဖလား ဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းတို့သည် ၂၀၂၃-၂၄ ရာသီ လိဂ်ဖလားဗိုလ်လုပွဲအဖြစ် ယနေ့ည (မြန်မာစံတော်ချိန် ၉း၃၀) တွင် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ စတာလင်သည် လီဗာပူးလ်အကယ်ဒမီထွက်ဖြစ်ပြီး လီဗာပူးလ်အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၅ နွေရာသီတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ စတာလင်သည် မန်စီးတီးအသင်းတွင် ခုနစ်ရာသီကြာကစားခဲ့ပြီး ၂၀၂၂ နွေရာသီတွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအသင်းနှင့်အတူ လိဂ်ဖလား ငါးကြိမ်အထိ ရယူဖူးပြီး ယခုအခါ ခြောက်ကြိမ်မြောက်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ရယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
စတာလင်က "လိဂ်ဖလားသာရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကြီးမားတဲ့အောင်မြင်မှု ဖြစ်လာပါလိမ့်မယ်။ ဖလားဆိုတာ ရပြီးရင် ထပ်လိုချင်တဲ့အရာမျိုးဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲက ခက်ခဲမှာ သေချာပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်္ဂလန်မှာ လွှမ်းမိုးမှုအရှိဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ အဲဒီလိုအသင်းမျိုးနဲ့ ယှဉ်ပြိုင်ခွင့်ရတာ ကျွန်တော်တို့ စိန်ခေါ်မှုကောင်းတစ်ခုပါပဲ။ အဲဒီပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ ဖလားရခဲ့မယ်ဆိုရင် အသင်းရဲ့ ယုံကြည်မှု မြင့်တက်လာပြီး ဖလားတွေ ပိုလိုချင်လာမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
