ပေါ်တိုအသင်းနည်းပြ ကွန်စီကာအိုက ၎င်းတို့အသင်း၏ ကစားပုံကိုဝေဖန်ခဲ့သည့် အာဆင်နယ်နည်းပြ အာတီတာအား ပြိုင်ဘက်အသင်းကို မဝေဖန်ဘဲ နိုင်ပွဲရရန်အတွက်သာ နည်းလမ်းရှာဖွေသင့်ကြောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ဖေဖော်ဝါရီ ၂၁ ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ပေါ်တို အသင်းကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်အသင်းသည် အဆိုပါ ပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း အထိရှိခဲ့ပြီး အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှပင် မရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းအနေဖြင့် ဂိုးပေါက်တည့်ကန်ချက်မှာလည်း ခုနစ်ကြိမ်သာ ရှိခဲ့ပြီး ပေါ်တိုမှာမူ ဂိုးပေါက်ကန်ချက် ကိုးကြိမ်ရှိခဲ့ကာ ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ် ရှိခဲ့သည်။ ပေါ်တိုအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို လေးမိနစ်တွင် ဂယ်လာနိုက အဝေးကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်အပြီးတွင် အာဆင်နယ်နည်းပြ အာတီတာသည် ခံစစ်အားပြုကစားခဲ့သည့် ပေါ်တိုအသင်း၏ ကစားပုံကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပေါ်တိုသည် ဘောလုံးကစားလိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ယခုအခါ ပေါ်တိုအသင်းနည်းပြ ကွန်စီကာအိုက ဘောလုံးပွဲတွင် အနိုင်ရရန်သာ အရေးကြီးကြောင်း အာတီတာကို ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ကွန်စီကာအိုက "အာတီတာ အနေနဲ့ သူ့ရဲ့ထင်မြင်ချက်တွေကို ပြောနိုင်ပါတယ်။ သူတို့က ဘောလုံးကစားချင်တယ်။ ကျွန်တော်တို့ကတော့ ပွဲကို အနိုင်ရချင်တယ်။ အာတီတာက ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဂွါဒီယိုလာဆီက များစွာ သင်ယူခဲ့သူပါ။ သူတို့က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားတာက ပြိုင်ဘက်အသင်းကို အနိုင်ရဖို့ အကောင်းဆုံးနည်းလမ်းလို့ ယူဆနေကြတာပါ။ ဒါပေမဲ့ ပွဲတစ်ပွဲကို အနိုင်ရ၊ မရကတော့ သူတို့မှာရှိတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၄၀- ၆၀ မကလို့ ၃၀-၇၀ ဆိုရင်တောင် အနိုင်ရမယ်ဆိုရင် ဂရုမစိုက်ပါဘူး။ ဂိုးသွင်းဖို့ဆိုတာ နည်းဗျူဟာနဲ့ပဲ ဆိုင်တာပါ"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲ စဉ်အဖြစ် မတ်လ ၁၂ ရက်တွင် ပေါ်တိုအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ ပေါ်တိုအသင်း ၀ါရင့်နောက်ခံကစားသမား ပီပီကမူ ကွာတားဖိုင်နယ်ကို တက် ရောက်လိုပါက အီမရိတ်စ်ကွင်းတွင် ကစားမည့်ပွဲ၌ အမှားအယွင်းမရှိ ကစားနိုင်ရန်လို အပ်ကြောင်း ပြောကြားထားသည်။ "လန်ဒန် မှာ ကစားမယ့်ပွဲက ကျွန်တော်တို့အတွက် ခက်ခဲမှာပါ။ ကွာတားတက်ချင်တယ်ဆိုရင် ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်ဖို့လိုပါတယ်"ဟု ပီပီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
