ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)
ဝုလ်ဗ် - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ၈း၀၀ နာရီ)
ရှက်ဖီးယူနိုက်တက်က ဇယားအောက်ဆုံးကအသင်းဖြစ်ပြီး ဘန်လေထက်တောင်အခြေအနေဆိုးနေတယ်။ ဝုလ်ဗ်အသင်းက သိသိသာသာတိုးတက်လာပြီး အသင်းကြီးစတိုင်အပြည့်ပါ။ အိမ်ကွင်းမှာကစားရမယ့်ဒီပွဲမှာ ရှက်ဖီးကိုသေချာပေါက်အနိုင်ယူလိမ့်မယ်။
ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂၃)
ဖရန့်ဖတ် - ဝုလ်ဖ်ဘတ် (တနင်္ဂနွေည ၉း၀၀ နာရီ)
ဖရန့်ဖတ်အသင်း နောက်ဆုံး(၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ ပေမဲ့ ဒီရာသီ ဘွန်ဒစ်လီဂါ အိမ်ကွင်းပွဲတွေမှာ ရှုံးပွဲ(၁)ပွဲသာ ရှိ ထားတဲ့အသင်းပါ။ နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲ သရေကျခဲ့တဲ့ ဝုလ်ဖ်ဘတ် အမှတ်ယူလိမ့်မယ်။
ဒေါ့မွန် - ဟော်ဖန်ဟင်မ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဒေါ့မွန်အသင်း အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ ဂိုးပြတ်နိုင်ပွဲ ပြန်ရထားတယ်။ ဟော်ဖန်ဟင်မ်အသင်း အမှတ်ပေးပွဲ နောက် ဆုံး(၈)ပွဲဆက် နိုင်ပွဲပျောက်ထားသလို၊ နောက်ဆုံး(၅)ပွဲမှာ (၄) ပွဲ အရေးနိမ့်ခဲ့တယ်။ ဒေါ့မွန်ပဲ ရွေးချယ်ချင်တယ်။
အော့စ်ဘတ် - ဖရိုင်းဘတ် (တနင်္လာနံနက် ၁း၀၀ နာရီ)
အမှတ်ပေးပွဲ နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရထားတဲ့ (၂)သင်း တွေ့ဆုံကြတာပါ။ ဖရိုင်းဘတ်အသင်း အမှတ်တော့ရ မယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
