ချယ်လ်ဆီး - လီဗာပူးလ် (တနင်္ဂနွေည ၉း၃၀ နာရီ)
လိဂ်ဖလား ပြိုင်ပွဲက အင်္ဂလိပ်ဘောလုံးလောကရဲ့ အဓိ က ဖလား ၃ လုံးမှာ ဂုဏ်သိက္ခာပိုင်းအရ အားအနည်းဆုံး ပြိုင်ပွဲ ဖြစ်တယ်။ ဒါပေမဲ့ ဒီဘက်နှစ်တွေမှာ ဒီဖလားကို အရယူဖို့ဆိုတာ ကလည်း တော်တော်လေး အရေးကြီးလာတယ်။ ဘောလုံးက စီးပွားရေး အရမ်းဆန်လာပြီး၊ ဘာအောင်မြင်မှု ဖြစ်ဖြစ် တစ်ခုခု ယူထားနိုင်ခြင်းကလည်း နည်းပြတွေအတွက် အနာဂတ်အာမခံ ချက်တစ်ခုအတွက် အထောက်အကူ ဖြစ်လို့ ဖြစ်ငြားဆိုပြီး က စားကြရတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့တယ်။ ချယ်လ်ဆီးနဲ့ လီဗာ ပူးလ်တို့က လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ဒီပြိုင်ပွဲရဲ့ ဒီအဆင့် မှာ ရင်ဆိုင်ခဲ့ကြဖူးပြီး အဲဒီအချိန်တုန်းကတော့ လီဗာပူးလ်အ သင်းက ချယ်လ်ဆီးကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရ ပြီး ချန်ပီယံဖြစ်ခဲ့တယ်။ ဒီနှစ်သင်း ကစားခဲ့ကြတဲ့ ပွဲတွေကို ကြည့်ရင် သရေပွဲပေါင်းများစွာကို မြင်ခဲ့ရတယ်။ လီဗာပူးလ်အ သင်း ဘယ်လောက်ပဲ အကောင်းဆုံးပုံစံ ဖြစ်နေနေ ချယ်လ်ဆီး အသင်းနဲ့ ရင်ဆိုင်ရတဲ့ အခါတိုင်း အိမ်ကွင်းဖြစ်စေ၊ အဝေးကွင်း ဖြစ်စေ ရုန်းကန်နေရတာကို တွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးက စားခဲ့ကြတဲ့ ပွဲမှာတော့ လီဗာပူးလ်အသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရရှိ ခဲ့ပြီး ဒီပွဲရလဒ်က တော်တော်လေး ထူးခြားတဲ့ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့တယ်။
ချယ်လ်ဆီးအသင်းက နောက်ပိုင်းပွဲတွေမှာ တိုးတက်မှု တွေတော့ မြင်လာရပါတယ်။ သူတို့ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲ ဆက်တိုက်က အဝေးကွင်းပွဲစဉ်တွေဖြစ်ပြီး အဝေးကွင်းမှာ အက် စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ FA ဖလား ပြန်ကန်ပွဲ၊ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲနဲ့မန်စီးတီးကို သရေကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ချယ်လ်ဆီးရဲ့ တိုးတက်လာမှုကို မြင်ရတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းက တော်တော် လေး အတွဲအဖက် မိလာခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်နဲ့ မွိုင်ဆက်စ် ကိုင်ဆေးဒိုးတို့ရဲ့ကွင်းလယ်က တော်တော်လေး အလုပ်ဖြစ်လာ ခဲ့တယ်။ နှစ်ဦးစလုံးက ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်ပြီး အ သင်းလိုက် ဟန်ချက်ကြောင့်သာ ခြေစွမ်းမပြနိုင်တဲ့ သဘောဖြစ် နေတယ်။ အသင်းလိုက်ဟန်ချက်ညီလာတာနဲ့အမျှ ချယ်လ်ဆီး က တော်တော်လေး အားကောင်းလာနိုင်တယ်။ ဒါ့အပြင် ဒီတစ် ရာသီလုံးမှာ ချယ်လ်ဆီးရဲ့ ဒဏ်ရာပြဿနာကလည်းတော်တော် လေး ထိုးနှက်ခဲ့သလို၊ ဒီပွဲမှာလည်း ကာလရှည် ဒဏ်ရာရ ကစား သမားတွေဖြစ်တဲ့ ဖိုဖာနာ၊ ရောဘတ်ဆန်းချက်ဇ်တို့လို ကစားသ မားတွေအပြင် နောက်ပိုင်း ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ သီယာဂိုဆေးလ်ဗား၊ ဘာဒီယာရှီလ်၊ ရီးစ်ဂျိမ်းစ်၊ လာဗီယာ၊ ကူကူ ရယ်လာ၊ အူဂိုချူကူ၊ ချူကူမက်ကာ စတဲ့ ကစားသမားတွေလည်း မကစားနိုင်သေးဘူး။ ပိုချက်တီနိုအတွက် အခုအချိန်အထိ အင် အားအပြည့်အစုံကိုမသုံးရသေးဘူးလို့ ပြောရမယ်။ ဒီပွဲမှာလည်း ဒီကစားသမားတွေမပါဝင်တဲ့ လူစာရင်းက မန်စီးတီးကို ကစားခဲ့ တဲ့ လူစာရင်းပဲ ဖြစ်လိမ့်မယ်။
လီဗာပူးလ်အသင်းကတော့ ဒီပွဲမတိုင်ခင် လူတန်အသင်း နဲ့ ကစားထားရတာကြောင့်ချယ်လ်ဆီးထက်စာရင် ပွဲနည်းနည်း ပန်းနေနိုင်တယ်။ ပြီးတော့ ပြီးခဲ့တဲ့လအတွင်း အသင်းရဲ့ အဓိက ကစားသမားတွေလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ လီဗာပူးလ်က ချယ်လ်ဆီးထက်ပိုကောင်းနေပေမယ့် အ ရန်အင်အားမှာ ချယ်လ်ဆီးလောက် မတောင့်တင်းတာအမှန်ပဲ။ ဒါကြောင့် လူမစုံတဲ့အချိန်မှာကလော့ပ်အတွက် လူရွေးချယ်မှု အခက်အခဲ ရှိနိုင်တယ်။ နောက်ဆုံးပွဲမှာ လီဗာပူးလ်က ဂိုးပြတ် နိုင်ထားသလို၊ Rhythm အရရော၊ ခြေအရရော လီဗာပူးလ်သာ ပါတယ်။ ဒါပေမဲ့ မိနစ် ၉၀ အနိုင်အရှုံးပေါ် ဖို့ ခက်လိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
