မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က လာမယ့် မတ်(၃၀)ရက်မှာ အမှုဆောင်ရွေးကောက်ပွဲ လုပ်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သမိုင်းတစ်လျှောက်၊ မြန်မာ့ဘောလုံးသမိုင်းတစ်လျှောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နဲ့ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့ တတိယအကြိမ် တရားဝင်ရွေးကောက်ပွဲပါ။ လာမယ့်ရွေးကောက်ပွဲက ယခင်ရွေးကောက်ပွဲတွေနဲ့မတူ တမူထူးခြားနေတာလေးတွေလည်း ရှိနေပါတယ်။ ဥပမာဆိုရရင် ယခင်ရွေးကောက်ပွဲတွေတုန်းက ဒုဥက္ကဌရာထူးအတွက် (၂) နေရာသာ သတ်မှတ်ခဲ့ပေမဲ့ လာမယ့်ရွေးကောက်ပွဲမှာတော့ (၃) နေရာသတ်မှတ်ထားသလို ထပ်တိုးတစ်နေရာက အမျိုးသမီးဖြစ်နေလို့ပါပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် လာမယ့်ရွေးကောက်ပွဲကစပြီး အမျိုးသမီးဘောလုံးလောက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သွားမယ့်အစီအစဉ်တွေရှိနေတာ ကြိုတင်တွက်ဆလို့ ရနေပါတယ်။ ဒါဟာ ကောင်းတဲ့အရွေ့တစ်ခုဖြစ်လို့ ကြိုဆိုရမှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
