အသင်းကြီးများ ခေါ်ယူရန်စိတ်ဝင်စားနေသည့် ကွင်းလယ်လူပယ်လ်ဟင်ညာအတွက် ကမ်းလှမ်းမှုများကို ဖူလ်ဟမ် စဉ်းစားမည်
24htopnews | November 1, 2024 2:12 PM CST
ဖူလ်ဟမ်အသင်းဒုဥက္ကဋ္ဌဖြစ်သူ တိုနီခန်းက အသင်းကွင်းလယ်ကစားသမား ပယ်လ်ဟင်ညာအတွက် ကမ်းလှမ်းမှုများကို စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေါ်တူဂီကွင်းလယ်ကစားသမား ပယ်လ်ဟင်ညာ(၂၈ နှစ်)သည် ပြီးခဲ့သည့်ဇန်နဝါရီက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ရန်နီးစပ်ခဲ့ပြီး ယခုအခါ ၎င်းကိုခေါ်ယူရန် လီဗာပူးလ်၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။
တိုနီခန်းက "ပယ်လ်ဟင်ညာက အသင်းရဲ့အဓိက ကစားသမားပါ။ ဒါပေမဲ့ ထိုက်တန်တဲ့ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ကျွန်တော်တို့ စဉ်းစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ဖူလ်ဟမ်အသင်းသည် ပယ်လ်ဟင်ညာ အတွက် ပေါင်သန်း (၉၀) အထိ အလိုရှိနေကြောင်း သိရှိရသည်။
ပယ်လ်ဟင်ညာသည် ဖူလ်ဟမ်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူပေးထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
